ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသိပံ္ပနှင့်နည်းပညာုဝန်ကြီးဌာန အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များသို့ဝင်ခွင့်လျှောက်လွှာများခေါ်ယူ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရသိပံ္ပနှင့်နည်းပညာုဝန်ကြီးဌာန အဆင့်မြင့်တက္ကသိုလ် (Center of Excellence) များသို့ဝင်ခွင့်လျှောက်လွှာများခေါ်ယူ

          ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခု (နာဂ၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ ဝ) နှင့် နိုင်ငံတော်မှထုတ်ပြန်ထား သောဒေသ စရိတ်ခံစားခွင့်ရှိသည့်သွားလာရေးနှင့်လူမှုရေးခက်ခဲသောဒေသများမှ ၂၀၁၅ ခုနှစ် တက္ကသိုလ်စာ မေးပွဲအောင်မြင်ထားသူများအား အဆင့်မြင့်တက္ကသိုလ်(Center of Excellence) များဖြစ်သည့် ရန်ကုန်နည်း ပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊နည်းပညာတက္ကသိုလ် (ရတနာပုံဆိုဒ်ဘားစီး တီး) မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များတွင် ဖော်ပြပါအရည်အချင်းများနှင့်ပြည့်စုံသူများဝင်ခွင့်လျှောက်ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။

         

          ဝင်ခွင့်လျှောက်ထားချိန်တွင်လျှောက်ထားသူနှင့် မိဘနှစ်ပါးလုံးသည် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသောနိုင်ငံသားဖြစ်ရမည်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆) ခု (နာဂ၊ ဓနု၊ ပလောင်၊ ကိုးကန့်၊ ဝ) နှင့် နိုင်ငံတော်မှထုတ်ပြန်ထားသောဒေသ စရိတ်ခံစားခွင့်ရှိသည့်သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများ တွင်အမြဲနေထိုင်သူဖြစ်ရမည်။အခြေခံပညာ အဌမတန်း၊ နဝမတန်း၊ ဒသမတန်းများကို ၄င်းဒေသများရှိ အခြေခံပညာအထက်တန်းကျောင်းများမှတက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူများ(သို့) အထက်တန်း ကျောင်း/ စာစစ်ဌာနမရှိခြင်းနှင့်အထက်တန်းကျောင်းရှိသော်လည်း သိပံ္ပဘာသာတွဲမရှိခြင်းတို့ကြောင့် အနီးစပ်ဆုံးမြို့နယ်ရှိအထက်တန်းကျောင်းများတွင်တက်ရောက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်သူ များဖြစ်ရမည်။၂၀၁၅ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ဖော်ပြပါဘာသာတွဲများဖြင့် အောင်မြင်သူများဖြစ်ရမည်။မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊သမိုင်း၊ ရူပဗေဒ၊ ဓါတုဗေဒအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ရူပဗေဒ၊ဓါတုဗေဒစသည့်အပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓါတုဗေဒ၊ ဇီဝဗေဒနှင့် မြန်မာစာ၊အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓါတုဗေဒ စသည့်ဘာသာတွဲများဖြစ်သည်။လျှောက်လွှာနှင့်အတူမြန်မာနိုင်ငံစာစစ်အဖွဲ့မှထုတ်ပေး သည့်တက္ကသိုလ်ဝင် စာမေးပွဲအောင် ရမှတ်စာရင်း(မှုရင်း)၁စောင်၊ဖော်ပြပါဒေသများရှိကျောင်းများတွင် ၃နှစ်ဆက်တိုက်တက်ရောက်ခဲ့သူဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအား၎င်းဒေသရှိ စာစစ်ဌာနများမှ အောင်မြင်သူဖြစ်ကြောင်း သက်ဆိုင်ရာအခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး၏ထောက်ခံချက်နှင့် မြို့နယ်ပညာရေးမှုးတို့၏ ထောက်ခံချက်(မှုရင်း)များ၊ အိမ်ထောင်စုဇယားမိတ္တူနှင့်၎င်းဒေသတွင်၃နှစ်ဆက် တိုက်နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ထောက်ခံချက်၊လျှောက်ထားသူနှင့် မိဘနှစ် ပါးစလုံးတို့၏ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူများ၊ လိုင်စင်ဓါတ်ပုံအရွယ်ရောင်စုံဓါတ်ပုံ ၂ ပုံတင်ပြရမည်ဖြစ် သည်။

          တက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသည်လျှောက်လွှာပုံစံအား သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းပညာရေးမှုးရုံးများတွင်လည်းကောင်း၊အဆင့်မြင့်တက္ကသိုလ်များတွင်လည်းကောင်း၊ ကျောင်းသားရေးရာဌာနစု၊ စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ဌာန၊ နေပြည်တော်တွင်လည်းကောင်းဒီဇင်ဘာလ ၂၁ ရက်မှ ၂၈ ရက်အတွင်း အခမဲ့ထုတ်ယူနိုင် မည်ဖြစ်သည်။

          လျှောက်လွှာများကို လျှောက်လွှာစတင်ထုတ်ယူသည့်နေ့မျစ၍ဒီဇင်ဘာလ ၂၉ ရက်နေ့အထိစက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနရုံးအမှတ် ၂၁ နေပြည်တော်သို့ တိုက်ရောက်ပေးပို့လျှောက်ထားရမည်ဖြစ်သည်။

          တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ခြင်းခံရသူစာရင်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင်အဆင့်မြှင့် တက္ကသိုလ်များနှင့်ကျောင်းသားရေးရာဌာနစု (ရုံးခန်း) စက်မှုနည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ နေပြည်တော်၌ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          အဆင်မြင့်တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက စက်မှုနည်း ပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနဖုန်း ၀၆၇-၄၀၄၃၆၄၊ ၀၆၇-၄၀၄၅၁၅ သို့ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်မည်ဖြစ်သည်။