တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် Study Plan အခမဲ့ထုတ်ပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရန်အတွက် Study Plan အခမဲ့ထုတ်ပေးမည်

          Victora University College မှ ပညာရှင်များသုတေသနပြုရေးဆွဲထားသည့်၂၀၁၆ တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဘာသာရပ်အလိုက်စာကျက်မှတ်မှုအစီအစဉ်ဇယား Study Plan နှင့် စာကျက်မှတ်ပုံ အကြံပြုချက်များကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်သူတိုင်းအခမဲ့ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

          ကျောင်းသားကိုယ်တိုင်ဖြစ်စေ၊ အုပ်ထိမ်းသူမိဘများကဖြစ်စေသင်ဆိုင်ရာအထက်တန်းကျောင်းအ လိုက် ထုတ်ပေးထားသော ကျောင်းသားကဒ်ကိုပြသပြီး ကျောင်းသားရေးရာဌာနVictora University College MMB Campus အမှတ် (၁၆၆)၊ အထက်ပန်းဆိုးတန်းလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၃၁၃၂ တွင်လည်းကောင်း၊ Victora University College Campus(၄)- အမှတ်(၁၁\A) ဦးထွန်းမြတ်လမ်း၊ တာမွေမြို့နယ်၊ ဖုန်း - ၅၅၆၃၈၉၊ ၅၄၉၅၁၅ သို့ (အခမဲ့)လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။