ချင်းပြည်နယ်၏(၃)နှစ်အတွင်းတက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းခဲ့သည့်ကိစ္စ ပညာရေးဝန်ကြီးဌာနက လွှတ်တော်တွင်ရှင်းပြီ
ချင်းပြည်နယ်၏(၃)နှစ်အတွင်းတက္ကသိုလ်ဝင်တန်း အောင်ချက်ကျဆင်းခဲ့သည့်ကိစ္စ ပညာရေးဝန်ကြီးဌာနက လွှတ်တော်တွင်ရှင်းပြီ
ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်အောင်ချက်ရာခိုင်နှုန်းမှာ(၃) နှစ်အတွင်း အနည်းဆုံးအဆင့်သို့ကျ ဆင်းခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာနကပထမအကြိမ် အမျိုးသားလွှတ်တော်(၁၃) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် ရှင်းလင်းဖြေကြားခဲ့ကြောင်းပြည်သူ့လွှတ်တော်ရုပ်သံလိုင်းမှ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် သတင်းရရှိသည်။
ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်အောင်ချက်မြင့်မားရေးနှင့်ပတ်သတ်၍ ဆရာ၊ မိဘ၊ ကျောင်းသား၊ မိဘများနည်းတူ ဌာနဆိုင်ရာဝန်ထမ်းများ၊လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်သွားပါက အမှန်တကယ် တိုးတက်လာမည်ဖြစ်ကြောင်းပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြော ကြားသည်။
တက္ကသိုလ်ဝင်တန်အောင်ချက်မြင့်မားရေးအတွက်ချင်းပြည်နယ်ပညာရေးမှုးရုံးအနေဖြင့် စီမံချက်များ ရေးဆွဲ ဆောင်ရွက်ခြင်း၊ ဘာသာရပ်အလိုက်စစ်ဆေးရေးအဖွဲ့များကိုစေလွှတ်၍ သင်ကြားသင်ယူလုပ်ငန်းများ ကို ကြီးကြပ်စစ်ဆေးခြင်း၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခများ၏ ပို့ချချက်များကို ထပ်ဆင့်သင်ကြားပို့ချခြင်းများပြုလုပ်ခဲ့သည်။ ထို့ပြင်အထက်တန်းပြနှင့် အလယ်တန်းပြ ဆရာ၊ ဆရာမများ၏ ဘာသာရပ်အလိုက် ကျွမ်းကျင်စွာသင်ကြားနိုင်ရေးအတွက်မြို့နယ်အလိုက် မွမ်းမံသင်တန်းများ ပို့ချပေးခဲ့ပြီး အောင်ချက်မြင့်မား ရေးအတွက် ချင်းပြည်နယ်သာမက၊တိုးင်းဒေသကြီး၊ ပြည်နယ်များအလိုက်ပညာရေးမှုးများကစီမံချက်များနှင့် နှစ်စဉ်ဆောင်ရွက်လျက်ရှိကြောင်းဒုတိယ၀န်ကြီးက ရှင်းလင်းပြောကြားသည်။
အဆိုပါအစည်းအဝေးတွင်ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှဦးစတီဗင်သာဘိတ်ကချင်းပြည်နယ်၏ (၃)နှစ်အတွင်းတက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း အနည်းဆုံး အဆင့်တန်းသို့ ကျဆင်းသည့်ကိစ္စကို တာဝန်ရှိပြည်နယ်ပညာရေးဌာနမှလေ့လာသုံးသပ်၊ အဖြေရှာအရေးယူ ဆောင်ရွက်ထားမှု ရှိ ၊မရှိ မေးမြန်းခဲ့သည်။
ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းပေါင်း၁၃၇၂ ကျောင်းရှိပြီး၊ ဆရာ၊ဆရာမ ၇၈၄၃ ဦးနှင့်ကျောင်းသား၊ကျောင်းသူစုစုပေါင်း ၁၂၆၇၀၃ဦးရှိကြောင်းသိရသည်။