သဘာဝဘေးတွေ့ စာသင်ကျောင်းများ ပြန်လည်ထူထောင်ရေး ဂျပန်နိုင်ငံမှ ယန်းသန်း ၁၅၀၀ ကူညီမည်
ရန်ကုန်၊ ဒီဇင်ဘာ ၂၃-သဘာဝ ဘေးအန္တရာယ်ကျရောက်ခဲ့သော ဒေသများရှိ စာသင်ကျောင်းများပြန် လည်ထူထောင်ရေးနှင့် ပြန် လည် တည်ဆောက်ရေးတို့အတွက် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) မှ ဂျပန် ယန်း သန်းပေါင်း ၁၅၀၀ ပေးအပ် ရန် သဘောတူလက်မှတ်ရေးထိုးလိုက် ပြီဖြစ်ကြောင်းသိရသည်။
ယခုလ ၂၂ ရက်နေ့တွင် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီရုံးတွင် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင် သန်းဦးနှင့် ဂျပန် အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင် စီမှ ကိုယ်စားလှယ် မစ္စတာကီအီချီ ရိုနာကာဇာဝါတို့သည် သဘာဝဘေး သင့်ကျောင်းများ ပြန်လည်တည် ဆောက်ရေးနှင့် ပြန် လည် ထူထောင် ရေးတို့အတွက် ထောက်ပံ့ရေးသ ဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ခဲ့ကြပြီး ဂျပန်-မြန်မာနှ စ်နိုင်ငံကြား ငွေ လဲလှယ် မှုဆိုင်ရာစာချုပ်ကိုလည်း တစ်ရက်တည်းတွင်ပင် လက် မှတ် ရေးထိုးခဲ့ကြောင်း JICA ၏ ထုတ်ပြန် ချက်အရ သိရသည်။
''သဘာဝဘေးကြောင့် ပျက်စီး ခဲ့တဲ့ကျောင်းက နှစ်မျိုးရှိတယ်။ တစ် မျိုးက တစ်ကျောင်းလုံးပျက်စီးသွား တာ။ နောက်တစ်မျိုး က ပြန်ပြင်ဆင် လိုက်ရင် တက်လို့ရမယ့်ကျောင်းတွေ ပါ။ ဂျပန်က ကူညီ တာက ပျက်စီး သွားတဲ့ကျောင်းတွေနေရာမှာ မြစ်ဝ ကျွန်းပေါ်ကကျောင်းတွေဆိုရင် ရေ ဘေးဒဏ်ခံနိုင်တဲ့ကျောင်းတွေအ ဖြစ်ပြန်လည်ဆောက်လုပ်ဖို့နဲ့ ငလျင် ဒေသကကျောင်း ဆိုရင်လည်း ငလျင် ဒဏ်ခံနိုင်တဲ့ကျောင်းတွေဆောက် လုပ်ဖို့ ထောက်ပံ့ပေးတာလို့နားလည် ထားတယ်။ အသေးစိတ်ဘယ်လို ညှိနှိုင်းထားလဲဆိုတာတော့ မသိပါ ဘူး'' ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးအဆင့်ရှိသူက ပြောသည်။
ရေလွှမ်းမိုးခံခဲ့ရသည့် ကလေးဒေသရှိ အခြေခံပညာ စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။ ဓာတ်ပုံ- DT
ထောက်ပံ့သဘောတူညီမှုစာ ချုပ်တွင် ရေကြီး၊ တောင်ပြိုဒေသ များ၌ ဘေးသင့်ခံခဲ့ရသောကျောင်း များအား ပြန် လည် တည်ဆောက်ရေး နှင့် ပြန် လည်ထူထောင်ရေးတို့အ တွက် ထောက်ပံ့ သောငွေကြေးအား (Build, Back, Better)''BBB'' စည်း မျဉ်းများနှင့်အညီ သုံးစွဲခွင့်ပေးအပ် မည်ဖြစ်ကြောင်းသိရသည်။
''BBB'' စည်းမျဉ်းဆိုသည်မှာ အနာဂါတ်ကျောင်းများတွင် ရာသီ ဥတုခံနိုင်သောစံချိန်စံညွှန်းနှင့်အ ညီ ပြန်လည်ပြုပြင် တည်ဆောက်ရေး နှင့်ကောင်းမွန်သောနေရာထိုင်ခင်း များပြုလုပ်ရေး၊ ကျောင်း များတွင် ပို မိုကောင်းမွန်သော သင်ယူမှုဝန်း ကျင်ကောင်းများကိုပြန်လည်ဖန်တီး ရန် (ဥပမာ-မူလတန်း၊ မူလတန်းလွန် ကျောင်းများတွင် တိုးချဲ့စာသင်ဆောင် များ၊ ဆရာများနားနေခန်း များ စာ သင်ခုံနှင့် ထိုင်ခုံများ၊ ခေတ်မီကျောင်း သုံးပရိဘောဂများထားရှိရေး၊ ဆရာ ဆရာမများနေ အိမ်ဆောက်လုပ်ပေး ခြင်းများ)တို့သတ်မှတ်ထားခြင်းဖြစ် သည်။
တစ်နိုင်ငံလုံးအတိုင်း အတာ ဖြင့် ရေဘေးလွှမ်းမိုးမှုများဖြစ်ပေါ် ခဲ့စဉ်က ရခိုင်ပြည်နယ်တွင်အခြေ ခံပညာကျောင်းပေါင်း ၆၆ကျောင်း၊ ချင်းပြည်နယ်တွင် ၄ရကျောင်း၊ ပဲ ခူးတိုင်းဒေသကြီးတွင် ၃၅ ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၆ ကျောင်း၊ မန္တလေးတိုင်းဒေသကြီး တွင် နှစ်ကျောင်း၊ မကွေးတိုင်းဒေသ ကြီးတွင် သုံးကျောင်း စုစုပေါင်း ၁၇၉ ကျောင်းပျက်စီးသွားခဲ့ကြောင်း ပညာ ရေးဝန် ကြီးဌာန၏ထုတ်ပြန်ချက်များ အရသိရသည်။
Source Credit : Democracy Daily