ယခုနှစ်ဘီအီးဒီစာပေးစာယူသင်တန်း သင်တန်းသား ၃၀၀၀ လက်ခံမည်

ယခုနှစ်ဘီအီးဒီစာပေးစာယူသင်တန်း သင်တန်းသား ၃၀၀၀ လက်ခံမည်

          ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွင်း ပညာရေးတက္ကသိုလ်များ၌ဖွင့်လှစ်မည့် ယခုနှစ်ဘီအီးဒီစာပေးစာ ယူသင်တန်းများအတွက် သင်တန်းသား ၃၀၀၀ ဦးလက်ခံသင်ကြားပေးရန်လျာထားကြောင်း သိရသည်။

          ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင်သင်တန်းသား ၁၅၀၀ ဦး လက် ခံသင်ကြားပေးမည်ဖြစ်ပြီး ဘီအီးဒီစာပေးစာယူဝင်ခွင့် စာမေးပွဲများကိုဇန်နဝါရီလ နောက်ဆုံးပတ်တွင် သက် ဆိုင်ရာမြို့နယ်စာစစ်ဌာနများတွင် ဖြေဆိုရမည်ဖြစ်သည်ဟုသိရသည်။

          "စုစုပေါင်း ၁၅၀၀ ဦးလက်ခံဖို့တော့လျာထားတယ်။ အင်အားအချိုးကတော့ သူ့ရာထူး၊ လုပ်သက် တန်းစီဇယားနဲ့ ရာခိုင်နှုန်းအလိုက်သက်မှတ်ပြီးဝင်ခွင့်လက်ခံမှာပါ"ဟု ရန်ကုန်ပညာရေးတက္ကသိုလ်မှ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအေးအေးမြင့်ကဆိုသည်။

          ယခုနှစ် ဘီအီးဒီစာပေးစာယူသင်တန်းအတွက် သင်တန်းသားများကိုပညာရေးတက္ကသိုလတစ်ခုချင်းစီ တွင် ဝင်ခွင့်စာမေးပွဲဖြေဆိုသည့် အလယ်တန်းပြများ၊  အလယ်တန်းပြနှင့် လစာနှုန်းတူ အခြားပညာရေးဝန် ထမ်း၁၅၀ဦး၊ ဝင်ခွင့်စာမေးပွဲဖြေဆိုသည့် ပညာရေးကောလိပ်များမှ နည်းပြ၁၅၀ ဦး၊ လုပ်သက်ကြီးစဉ်တန်းစီဇယားဖြင့် ဝင်ခွင့်ရရှိရန်လျှောက်ထားသည့် အထက်တန်းပြ၊ အလယ်တန်းပြ ၄၅၀ဦးတို့ကိုလက်ခံသင်ကြားပေးရန် လျာထားသက်မှတ်ထားသည်ဟု သိရသည်။

          ဘီအီးဒီစာပေးစာယူသင်တန်းသည်  ၂ နှစ်သင်တန်းဖြစ်ကာ လျှောက်ထားသူသည် မိမိ၏မူလဘွဲ့ရရှိထားသော ဘာသာရပ်ကိုသာအထူးပြုဘာသာရပ်အဖြစ် လျှောက်ထားကာ တက်ရောက်ရပြီး ယင်းဘာသာရပ် အတွက်ဘာသာရပ်ကျွမ်းကျင်မှုနှင့် သင်ပြနည်းကျွမ်းကျင်မှုဆိုင်ရာများကို စာပေးစာယူ ၂နှစ်သင်တန်းဖြင့်သင်ကြားပေးခြင်းဖြစ်သည်။