အခြေခံကျောင်းများတွင်ကျူရှင်လုံးဝမသင်ရန် ညွှန်ကြား
အခြေခံကျောင်းများတွင်ကျူရှင်လုံးဝမသင်ရန် ညွှန်ကြား
အခြေခံပညာကျောင်းများတွင် ကျူရှင်လုံဝမသင်တော့ရန်၂၁.၁.၂၀၁၆ ရက်နေ့က ၄တန်း၊ ၈တန်း၊ ၁၀ တန်းအောင်ချက်မြင့်မားရေး ဟောပြောပွဲတွင်ဒုတိယညွှန်ကြားရေးမှူးစီမံကိန်းများကြီးကြပ်အကဲဖြတ်မှူး ဒေါ် ခင်သန်းဦးက ပြောကြားလိုက်သည်။
"ဆရာကြီးတို့၊ ဆရာမကြီးတို့ ကိုယ်လုပ်တဲ့အလုပ်မှာဂုဏ်ရယ်၊ သိက္ခာရယ်၊ သမိုင်းရယ်၊ ဘယ်ဟာကို ရွေးမလဲ။ မာန်တကာ့မာန်ထဲမှာ ပညာမာန်က အကြီးဆုံးပါ။ဆရာ၊ ဆရာမတွေရဲက တကယ့်သိက္ခာကို အထိမ ခံပါနဲ့"ဟု ၄င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံကျောင်းများသို့စစ်ဆေးရေးအဖွဲများ ယခင်နှစ်နှင့်မတူ ဝင်ရောက်စစ် ဆေးမှုတို့ပြုလုပ်လာနိုင်ပြီး မေးခွန်းများနှင့်အတူတာဝန်ယူမှု၊ တာဝန်ခံမှုတို့ပါယှဉ်တွဲပါလာနိုင်ကြောင်း ယင်းဆ ရာမကြီးကဆိုသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၌ အခြေခံပညာကျောင်းပေါင်း၂၀၀၀ ကျော်ရှိကာ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီမှ ဆရာ၊ဆရာမများအနေဖြင့် ကျောင်းချိန်ပြင်ပတွင် ကိုယ် တတ်ကျွမ်းသောအတတ်ပညာဖြင့် ရှာဖွေနိုင်ကြောင်းပြောကြားထားသည်။