တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၂ ရက်တွင်စတင်ထုတ်ပေးမည်
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၂ ရက်တွင်စတင်ထုတ်ပေးမည်
၂၀၁၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင်ကျင်းပမည့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖေ ဖော်ဝါရီလ ၂၂ ရက်နေ့တွင်စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင်ဝင်ရောက်ဖြေဆိုရန်ဖြေဆိုခွင့်လျှောက် ထားသူများအနေဖြင့် ဖေဖော်ဝါရီလ၂၂ ရက်နေ့မှစတင်၍ ဖြေဆိုခွင့်ကတ်ပြားထုတ်ယူနိုင်မည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီးတွင် ဖြေဆိုခွင့်သူများအနေဖြင့်ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ထုတ်ယူနိုင်သည်ဟုသိရ သည်။
ဖြေဆိုခွင့်ကတ်ပြားများကို အခြေခံပညာအထက်တန်းကျောင်းများအနေဖြင့်သက်ဆိုင်ရာကျောင်းအုပ် ကြီးများထံတွင်လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲနှင့်တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက် တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည်ကျောင်းအုပ်ကြီးများထံမှလည်းကောင်း၊ ပြင်ပမှဖြေ ဆို မည့်သူများသည် မိမိတို့ဖြေဆိုရမည့်စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှလည်းကောင်း ထုတ်ယူရမည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံစာစစ်ဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ၃၁ ရက်အထိလျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရသည်။