E-LIBRARYစီမံချက်ဖြင့် စာကြည့်တိုက်မှူး ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသား ၉၀၀၀ ကျော်ကိုOnline Resource များထိရောက်စွာ အသုံးပြုနည်းသင်ကြားပေးပြီးပြီဖြစ်
E-LIBRARYစီမံချက်ဖြင့် စာကြည့်တိုက်မှူး ဆရာ၊ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသား ၉၀၀၀ ကျော်ကိုOnline Resource များထိရောက်စွာ အသုံးပြုနည်းသင်ကြားပေးပြီးပြီဖြစ်
Open Society Foundation (OSF) ၏ ရန်ပုံငွေထောက်ပံ့ပေးမှုနှင့်ပညာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ELIBRARY စီမံချက်ကို Electronic InformationFor Libraries အဖွဲ့အစည်းမှအကောင်အထည်ဖော်ခဲ့ရာ လက်ရှိတွင် Online Resource များထိရောက်စွာအသုံးပြုနိုင်သူစာကြည့်တိုက်မှူးနှင့် ကျောင်းသူ၊ ကျောင်း သား ၉၀၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။
"စာကြည့်တိုက်မှူး၊ ဆရာ၊ ဆရာမနှင့်ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၉၀၀၀ ကျော်ကိုသင်တန်း ပေးပြီးသွားပြီ။ ဒါတွေကတက္ကသိုလ်ခုနှစ်ခုလုံးကအရေအတွက်ပါ" ဟု အဆိုပါပရောဂျက်တွင် တက္ကသိုလ် ၄ ခုအတွက် တာဝန်ယူဆောင်ရွက်လျှက်ရှိသူစီမံကိန်းညွှန်ကြားရေးမှူး ဒေါ်မြတ်စန်းငြိမ်းကပြောသည်။
အဆိုပါပရောဂျက်ကို ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့တွင်ရှေ့ပြေးအစီအစဉ်အနေဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်အနောက်ပိုင် တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်တို့တွင် ဆက်လက်ဆောင်းရွက်လျက်ရှိသည်။
ထို့အပြင်မြန်မာနိုင်ငံရှိအခြားသော တက္ကသိုလ်များတွင်လည်းတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ပရောဂျက်စတင်ခဲ့ခြင်းဖြစ်ပြီး၂၀၁၇ ဒီဇင်ဘာလတွင် ပရောဂျက်ပြီး ဆုံးမည်ဖြစ်သည်။
တက္ကသိုလ်(၇)ခုတွင်ဆောင်ရွက်လျက်ရှိသည့်E-LIBRARY တွင် နိုင်ငံတကာဂျာနယ်၊ မဂ္ဂဇင်းများ၊ သတင်းအချက်အလက်များနှင့် သတင်းစာများကိုအသုံးပြုနိုင်ရန်အတွက် ပညာရပ်ဆိုင်ရာ e book ပေါင်း ၁၄၀၀၀၀ ကျော်ကိုရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
"ဒီလိုဆောင်ရွက်ပေးတာက စာကြည့်တိုက်မှူးတွေကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ နိုင်ငံတကာ က စာတမ်းများနဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေကိုရယူအသုံးပြုပြီးတော့ ကိုယ်ပိုင်သုတေသနတွေ တကယ်ကိုအရည်အသွေးမြင့်မားစေဖို့အတွက်ဖြစ်တယ်"ဟုပရောဂျက်၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ဒေါ်မြတ်စန်းငြိမ်းကပြောသည်။