မကွေးတိုင်းဒေသကြီးတွင်ရှစ်တန်းစာမေးပွဲကြီး မေးခွန်းရာနှုန်းပြည့်ပေါက်ကြား
မကွေးတိုင်းဒေသကြီးတွင်ရှစ်တန်းစာမေးပွဲကြီး မေးခွန်းရာနှုန်းပြည့်ပေါက်ကြား
မကွေးတိုင်းဒေသကြီးတွင် အဌမတန်းနှင့် စတုတ္တတန်းမတန်းတင်ပွဲများဖြေဆိုနေရာဖေဖော်ဝါရီ ၁၆ ရက် အင်္ဂလိပ်စာ စတင်ဖြေဆိုသည့်နှစ်မှစတင်၍ ဖေဖော်ဝါရီ ၁၈ ရက်ပထဝီဘာသာဖြေဆိုချိန်အထိ မေးခွန်း ဖြေဆိုချိန်အထိ မေးခွန်းအတိအကျပေါက်ကြားခဲ့ကြောင်းနတ်မောက်မြို့မှ ကျောင်းဆရာဟောင်းဖြစ်သူ ဦးဌေး ဝင်းက New Watch ဂျာနယ်သို့ ဖေဖော်ဝါရီ၁၈ ရက်က ပြောကြားသည်။
"အင်္ဂလိပ်နေ့ကတည်းက မေးခွန်းပေါက်တယ်။ဒါပေမဲ့ လူတွေက သဲသဲကွဲကွဲ မသိသေးဘူး။ တဖြည်း ဖြည်းနဲ့ပေါက်တဲ့မေးခွန်းတွေက ကွက်တိတွေဖြစ်လာပြီးသင်္ချာ၊ ပထဝီဖြေတဲ့နေ့အထိ တထပ်တည်းဖြစ်လာ တာတွေ့ရတယ်" ဟု ၄င်းကပြောကြားခဲ့သည်။မေးခွန်းပေါက်ကြားမှုတွင် မနက်ဖြန်ဖြေဆိုမည့် ဘာသာရပ်အား မဖြေဆိုမီ တညအလို ည ၇း၀၀ နာရီခန့်တွင်ပျံ့နှံ့နေပြီး ယင်းပျံ့နှံ့သည့်မေးခွန်းသည် ဖြေဆိုမည့်ကျောင်းသား များအတွက် ၏/သည်မလွဲမှန်ကန်နေသည်ဟုဆိုသည်။
"မကွေးမြို့ပေါ်မှာပုဂ္ဂလိကဘော်ဒါတွေရှိတယ်။ ပုဂ္ဂလိကကျောင်းတွေက ပိုက်ဆံပေးဝယ်တာ ဖြစ်နိုင် ခြေများတယ်။ပုဂ္ဂလိကကျောင်းတွေက သူတို့စီကကလေးတွေကို ရာနှုန်းပြည့်ရတယ်ဆိုတာမျိုးဖြစ်ချင်ကြ တယ်။ဒီတော့ပါးစပ်တစ်ပေါက်ဆိုတာ ပိတ်လို့မရဘူး။ ပုဂ္ဂလိကကျောင်းကဆရာတွေနဲ့ ကျွန်တော်တို့ကျောင်းဆရာတွေက အပြန်အလှန်ရှယ်ရာလုပ်ရင်း ပျံ့လာတာဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာလုံးဝမကောင်းပါဘူး။မေးခွန်း ပေါက်တယ်ဆိုတော့ စာမေးပွဲစနစ်ကြီးက ဘာလုပ်ရမလဲ"ဟု ဦးဌေးဝင်းကပြောသည်။နက်မောက်မြို့သို့ ပျံ့နှံ့လာသည့်အဆိုပါမေးခွန်းများသည် ချောက်၊ ရေနံချောင်းစသည့် မြို့များဘက်မှရောက်ရှိလာခြင်းဖြစ်ပြီး မိုဘိုင်းဆက်သွယ်ရေးကောင်းမွန်လာသည့် ယနေ့ခေတ်၌ ပျံ့နှံ့အားမြန်ဆန်ခဲ့သည်ဟုဆိုသည်။
"တောနေလူတန်းစားကလေးတွေကျူရှင်မယူနိုင်တဲ့ကလေးတွေကျတော့ မေးခွန်းပေါက်တဲ့ဟာမရ တာဖြစ်နိုင်တယ်။ ပညာရေးစနစ်ကကောင်းမွန်တဲ့စနစ်မဟုတ်ဘူး။ ပျက်စီးတဲ့စနစ်ဖြစ်သွားပြီ။ ဒီကိစ္စက ကျောင်းဆရာ၊ ဆရာမတွေနဲ့သိပ်ဆိုင်မယ်မထင်ဘူး။အဓိက ပုဂ္ဂလိကကျောင်းတွေဆီကဖြစ်မယ်"ဟု ၄င်းက သုံးသပ်ပြောကြားခဲ့သည်။
အဌမတန်းမေးခွန်းလွှာကိုတိုင်းဒေသကြီးမှ ထုတ်ပြန်ခြင်းဖြစ်ပြီး စတုထ္ထတန်းမေးခွန်းကို ခရိုင်အဆင့်မှ ထုတ်ပြန်မည်ဟုသိရသည်။ ရှစ်တန်း၊ လေးတန်း အတန်းတင်စာမေးပွဲအား ၂၀၁၆ ဖေဖော်ဝါရီလ ၁၅ ရက်က စတင်ခဲ့သည်။