တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီလား?
တက္ကသိုလ် ၀င်တန်းဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီလား?
၂၀၁၆ ခုနှစ် မတ်လအတွင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ဒသမတန်းကျောင်းသူ ကျောင်းသား များဝင်ရောက်ဖြေဆိုကြရတော့မှာ ဖြစ်ပါတယ်။ ဒီလိုကြားထဲမှာကျက်စာ၊တွက်စာနဲ့ သင်ကြားပို့ ချသူတို့ကြား လုံးချာလိုက်နေမယ့် ကျောင်းသူ ကျောင်းသားတို့အတွက်Education Digest ဂျာနယ်က ရိုးရိုးနဲ့လွယ်လွယ်ကူကူလိုက်နိုင်မယ့် မှတ်သားစရာတို့ကို ဖော်ပြလိုက်ပါတယ်။
ကျန်းမာရေး
ဆယ်တန်းဖြေဆိုအောင်မြင်ဖို့စာကိုတစ်ညလုံးကြည့်ဖို့ မလိုသလို တစ်ညလုံးမအိပ်ဘဲ သချာင်္ထိုင် တွက်နေဖို့လည်း မလိုပါဘူး။အကြောင်းရင်းကတော့ကျောင်းသူ ကျောင်းသားများအနေနဲ့ အအိပ်ပျက်ခဲ့ရင် ကျက်ထားတာတွေ အမှားအယွင်းနဲ့မေ့ပျောက်နိုင်သလိုတွက်ထားတာတွေလည်း အကျအပျောက်တို့ဖြစ်နိုင် လို့ပါပဲ။အစားကိုပုံမှန်စားပြီးလူခန္ဓ္ဓ္ဓ္ဓာကိုယ်ရဲ့အနားယူဖို့အိပ်စက်ချိန် တစ်နေ့အနည်းဆုံး ခြောက်နာရီမှ ခုနှစ် နာရီအိပ်စက်အနားယူဖို့ လိုအပ်မှာဖြစ်ပါတယ်။အစားအစာမှာလည်းမိမိနဲ့မတည့်တာ ၀မ်းလျှောဝမ်းပျက် ဖြစ် မယ့် အစားအစာတွေနဲ့ အသွားအလာ လမ်းများတာ တို့ကိုရှောင်ကြဉ်ရမှာပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်း
သင်ခန်းစာများပြန်လှန်တွက်ချက် ကျက်မှတ်ခြင်းကိုလုပ်တော့မယ်ဆိုရင် တစ်ထိုင်တည်းအများကြီး မ လုပ်မိဖို့ လိုပါတယ်။စာမေးပွဲဖြေဖို့ ကျန်တဲ့ရက်ကို အချိန်နာရီနဲ့စားလို့ စနစ်တကျ တစ်နာရီကိုတစ်ဘာ သာ နှုန်းနဲ့ လေ့လာကြည့်ရှုမှတ်သားမယ်ဆိုရင် ဦးနှောက်ရဲ့ မှတ်ယူနိုင်စွမ်း နယ်နမိတ်ထဲမှာရှိနေနိုင်မှာ ဖြစ်ပါ တယ်။သုတေသနလေ့လာမှုများအရ ဦးနှောက်ဟာနာရီပေါင်းများစွာ မှတ်သားသိမ်းထားနိုင်စွမ်းမရှိ သလို တကယ်လို့ အချိန်ကြာမြင့်စွာကြည့်ရှုမယ်ဆိုရင်တော့ လေးလံထိုင်းမှိုင်းပြီး ခန္ဓာကိုယ်က မလုပ်မကိုင်ချင်စိတ် ဖြစ်ပေါ်မှာဖြစ်ပါတယ်။
စာမေးပွဲခန်း
သင့်အနေနဲ့ စာဖြေခန်းထဲကို ပထမဦးဆုံး မဖြစ်မနေယူသွားရမှာကစာမေးပွဲဖြေဆိုခွင့်ကတ်ပြား (စာဖြေကတ်) ပဲဖြစ်ပါတယ်။ ဒုတိယပအနေနဲ့ကတော့ မသမာတဲ့နည်းနဲ့ဖြေဆိုမယ်ဆိုရင်ကတော့ ဝေးဝေးကရှောင်ပါလို့မှာကြားလိုက်ပါရစေ။စာမေးပွဲဖြေဆိုစဉ် မသမာနည်းသုံးကြောင်း အခန်းစောင့်ဆရာမ သိတာနဲ့တစ်ပြိုင်နက် ယခုနှစ်အဖြေလွှာအပါအ၀င် ဖြေဆိုမှုအားလုံးကို ပိတ်သိမ်းမှာဖြစ်ပြီး ဖြေဆိုခွင့် ၃နှစ် ပိတ်သိမ်းအရေးယူမှာဖြစ်ပါတယ်။
စာမေးပွဲဖြေဆိုစဉ်ခဲတံ၊ ဘောပင်မှင်အပြာနဲ့သုံးနေကြ အမျိုးအစားကိုပဲ စမ်းသပ်အတည်ပြုသုံးစွဲရမှာ ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ ဘောပင်အတစ်ဟာမှင်မလိုက်တာ၊ မှင်အထွက်လွန်တာမျိုးဖြစ်နိုင်လို့ပါပဲ။ ဒါ့အပြင် ကော်ရက်ရှင်မှင်ကို အမှားပြင်ဆင်ချက်အသုံးပြုတာကို ရှောင်ကျင်ရမှာပဲဖြစ်ပါတယ်။ မိမိမှားသွားမှန်းသိတဲ့စာပိုဒ်၊ စာပိုဒ်ကိုပေတံနဲ့ ဘောပင်အသုံးပြုပြီး မှင်တစ်ကြောင်းတည်းနဲ့ဖျက်ပစ်ဖို့လိုပါတယ်။ တစ်ဘာသာကို တစ်နေ့ဖြေဆိုချိန် သုံးနာရီပေးထားမှာဖြစ်ပြီးအချိန်ပြည့်တာနဲ့တစ်ပြိုင်နက် အခန်း စောင့်ဆရာမက အဖြေလွှာကိုသိမ်းယူမှာဖြစ်ပါတယ်။ ဖြေဆိုနေစဉ်နဲ့ဖြေဆိုပြီးနောက်မှာ စာလုံးပေါင်း သတ်ပုံ နှင့် ကျက်မှတ်တွက်ချက်ထားတာတို့ကို တစ်ကျော့ပြန်လည်စစ်ဆေးနိုင်ပြီးမှားယွင်းမှု စာလုံးအသေးအကျ အ ပျောက်တို့ကို ပြင်ဆင်ရာမှာ ဖြေဆိုလွှာ စွန်းထင်းစုတ်ပြဲမှုတို့မဖြစ်ပေါ်အောင် အထူးဂရုပြုရမျာဖြစ်ပါတယ်။ အဓိက အထူးသတိထားရမှာကတော့ သင့်(ခုံနံပါတ်) ပါပဲ။
စိတ်အပန်းဖြေခြင်း
တချို့ကတော့စာမေးပွဲကြီးပြီးမှ အပန်းဖြေဖို့လိုတယ်လို့ဆိုပါလိမ့်မယ်။ ဒါပေမဲ့ သင်မဖြေနိုင်တဲ့ဘာ သာ သချာင်္ ၊အင်္ဂလိပ် နဲ့ အခြားဘာသာရပ်များဖြစ်ခဲ့ပြီဆိုရင်တော့ နောက်တစ်နေ့ စာမေးပွဲဖြေဆိုခန်းကိုသင် ရောက်ချင်မှရောက်တော့မှာဖြစ်ပါတယ်။ဒီအတွက်တော့ မပူပါနဲ့၊မဖြေနိုင်တဲ့နေ့မှာဘဲ စိတ်အပန်းဖြေဖို့လိုပါ လိမ့်မယ်။သူများကိုမထိခိုက်ဘဲ သီချင်းအော်ဆိုတာ၊စိတ်ဓာတ်မြှင့်တင်ရေးစာပေများဖတ်ကြားတာဥပမာ-(စာရေးဆရာ ဖေမြင့်) ဒီလိုလွယ်ကူတဲ့နည်းလမ်းများကိုပြုလုပ်နိုင်သလို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေအပေါင်းသင်းများနဲ့လည်းဖွင့်ဟတိုင်ပင်ပြောဆိုဖို့လိုအပ်သလို မိဘညီအစ်ကိုမောင်နှမရင်းချာများနဲ့လည်းဖေးမ ကူညီမှုကို ရယူနိုင်ပါတယ်။
အောင်မြင်မှုကို ရယူခြင်း
ဒသမတန်းဖြေဆိုအောင်မြင်မှုရယူလိုသူတိုင်း အနီးကပ်မေးခွန်းနဲ့ အလုံးစုံကျက်မှတ်တွက်ချက်ခြင်းကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။အနီးကပ်မေးခွန်းဟာ စာမေးပွဲကြီးမှာထင်ထားတဲ့ အတိုင်း ပါမလာဖို့ကများသလို အလုံးစုံကျက်မှတ်တွက်ချက်ခြင်းဟာလည်း စာမေးပွဲခန်းမှာမှတ်မိသယောင်၊ ဖြေဆိုနိုင်သယောင် ကြောင် တောင်တောင် ဖြစ်စေနိုင်ပါတယ်။သေချာတာကတော့စနစ်တကျ မိမိကိုယ်တိုင်ယုံကြည်မှုဖြင့် ဘာသာရပ် တိုင်းကို အချိန်ဇယားဆွဲ လေ့ကျင့်မှုဖြင့်တိုင်ပင်ကိုက် စာမေးပွဲတစ်ရပ် မိမိကိုယ်တိုင်လေ့ကျင့် ဖြေဆိုခြင်းပဲ ဖြစ် ပါတယ်။