ပညာရေးဌာနအလုပ်နေရာ ၁၇၀ အတွက်လျှောက်ထားသူ နှစ်သောင်းငါးထောင်ခန့်ရှိ
ပညာရေးဌာနအလုပ်နေရာ ၁၇၀ အတွက်လျှောက်ထားသူ နှစ်သောင်းငါးထောင်ခန့်ရှိ
မကွေးတိုင်းဒေသကြီးတွင်ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာဦးစီဌာနက အလုပ်ခန့် ထားမည့် သိပံ္ပကျွမ်းကျင်(၃)၊စာရေး(၁)နှင့် အထွေထွေလုပ်သား အလုပ်နေရာပေါင်း ၁၇၀ ကို လျှောက်လွှာ ခေါ်ယူခဲ့ရာ တိုင်းအတွင်း၂၅ မြို့နယ်မှ လျှောာက်ထားသူဦးရေမှာ နှစ်သောင်း ငါးထောင်ခန့်ရှိကြောင်း တိုင်း ဒေသကြီးပညာရေးမှုး ရုံး၏ မှတ်တမ်းများအရသိရသည်။
"ချောက်တမြို့နယ်တည်းက လျှောက်ထားသူ ၉၀၀ လောက်ရှိပါတယ်။တတိုင်းလုံးအနေအထားနဲ့ အ လုပ်နေရာလျှောက်ထားသူဦးရေနှစ်သောင်းခွဲတောင် ကျော်နိုင်ပါတယ်။ခန့်နိုင်မှာက ၁၇၀ တည်းပါ။ တကယ် လိုအပ်နေတာက ၀န်ထမ်းနေရာထောင်ချီလိုအပ်နေပါတယ်" ဟု မကွေးတိုင်းဒေသကြီး အခြေံခံ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးကပြောသည်။ ယင်းသို့ပညာရေး ၀န်ထမ်းလျှောက်လွှာခေါ် ယူမှုတိုင်း တွင်လျှောက်ထားသူနှစ်သောင်းကျော်၊သုံးသောင်းခန့်ရှိနေသည်ဟုသိရသည်။ မကွေးတိုင်းဒေသကြီး မကွေး မြို့တခုတည်းတွင် နည်းပညာ တက္ကသိုလ်၊ဆေးတက္ကသိုလ်အပါအ၀င် တက္ကသိုလ်ကောလိပ်ပေါင်း ရှစ်ခုရှိ သည်။ထိုကျောင်းသားများအတွက် မိသားစုမှ ကျပ်သိန်းများစွာအကုန်အကျခံကာ ပညာသင်ကြားပေးနေသော် လည်း အလုပ်အကိုင်အခွင့်အလမ်းမှာမရှိသလောက် ရှားပါးလှပြီးဘွဲ့ရအလုပ်လက်မဲ့နှင့် ကြုံသလို လုပ်ကိုင်စား သောက်နေရသူများစွာ ရှိနေကြောင်းသိရသည်။အစိုးရဌာနများ၏အလုပ်ခေါ်စာများကိုအကြိမ်များစွာ ၀င် ရောက်ဖြေဆိုရင်း သတ်မှတ်အသက်အရွယ်ကို ကျော်လွန်သွားခဲ့သူများစွာရှိနေကြောင်း၊ကိုယ်တိုင်အသက် ကျော်သွားခဲ့သူ စလင်းမြို့နယ်မှ မအိအိ က ပြောပြသည်။