မူကြိုကျောင်းမှာ ဘာတွေသင်ရမလဲ
မူကြိုကျောင်းမှာ
ဘာတွေသင်ရမလဲ
ဘာကြောင့် မူကြိုကျောင်းကိုထားရခြင်းဟာ အရေးကြီးသလဲဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် မူကြိုကျောင်းမှာဘာတွေသင်ပေးသလဲဆိုတာ သိရမှဖြစ်ပါမယ်။
၁။ လူမှုရေးနှင့်စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်လာခြင်း
မူကြိုအရွယ်ကလေးများသည် လူ့ဘဝကြီးထဲကို ဝင်ရောက်လာပြီးနောက်၊အိမ်မှာပါ တစ်နည်း အားဖြင့် မိသားစုအဝန်းအဝိုင်းထဲမှာသာ အချိန်အများဆုံးနေခဲ့ရတာဖြစ်ပြီးပြင်ပကမ္ဘာလောကကြီးထဲ ပတ်ဝန်းကျင်လောကကြီးထဲကို စတင်ပြီးရောက်ရှိလာတဲ့အရွယ်ကတော့ ယခုမှပဲဖြစ်ပါတယ်။မိသား စုပြင်ပကလူတွေ သူစိမ်းတွေနှင့် မိတ်ဆွေဖွဲ့ရတော့ လူမှုရေးအရပေါင်းသင်းဆက်ဆံရတော့မယ်ဒီမှာပြောစရာရှိတာက အဲ့ဒီကလေးကြုံတွေ့ ဆက်ဆံရမယ့်သူစိမ်းတွေဆိုတာ သူမြင်နေကြရင်းနှီးနေသော မိသားစုဝင်တွေမဟုတ်ဘဲပြင်ပမှ ဖြစ်တဲ့အတွက်သူတို့နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာသောစိတ်ခံစားမှုတွေကလည်း အသစ်တွေဖြစ်ပါတယ်။ မိသားစုကပေးသောအရေးထား ဂရုစိုက်သော နွေထွေးသည့်ခံစားမှုမျိုးရချင်လည်းရမယ်ရချင်မှလည်းရပါမယ်။ ဒီကတည်းက ကလေးအဖို့ အသစ် အဆန်းဖြစ်ပြီးစိတ်ထဲမှာ နှစ်မြို့ချင်စရာမကောင်းတာမျိုးဖြစ်ချင်ဖြစ်နိုင်တယ်။ သွေးတိုးစမ်းပြီး ဆက်ဆံကြည့်ရမှာဖြစ်တယ်။ မိမိလိုအင်ဆန္ဒကို လိုက်လျောတဲ့သူတွေဟုတ်ချင်မှဟုတ်မယ်။
ကလေးအနေနဲ့ သူစိမ်းတစ်ယောက်နဲ့ အပြန်အလှန်တုံ့ပြန်မှုတွေ ကြုံရတော့မယ်။ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ သင်ယူလေ့လာရပါမယ်။ အပေးအယူညှိနှိုင်းရတာမျိုး (compromise) ကို ဘယ်လိုလုပ်ရသလဲ သင်ရတော့မယ်။ လေးစားမှုပြရမယ့်သူတွေဟာ ဘယ်လိုလူတွေလဲဆိုတာ သင်ယူရတော့ မယ်။
ဒါတင်မကသေးပါဘူး။ သူတို့ကြုံကိုကြုံရမှာဖြစ်တဲ့တစ်ခုကတော့ပြဿနာဖြေရှင်းခြင်း (Prob lem Solving)ဖြစ်တယ်။ ပတ်ဝန်းကျင်လောကကြီးထဲရောက်သွားတာနဲ့အမျှကလေးကအရာရာကို စူးစမ်းလေ့လာရှာဖွေဖော်ထုတ်တော့မယ်။ ခံစားမှုတွေရရှိတော့မယ်။ အရွယ်တူသူငယ်ချင်း၊အပေါင်း အဖော်တွေနဲ့တွေ့ဆုံပြီး အချင်းချင်းမိတ်ဆက်ရတော့မယ်။ အတူတကွပေါင်းသင်းဆက်ဆံဆော့ ကစားတော့မယ်။ အဲဒီအခါမှာပြဿနာဆိုတာစပြီး ကြုံတွေ့ရတော့မှာပဲ။ ဆိုလိုချင်တာက ပြဿနာတိုင်းခက်ခဲမယ်။ ဖြေရှင်းရန်အားထုတ်ရမယ်လို့မဟုတ်ပါဘူး။ မိသားစုအဝန်းအဝိုင်းထဲမှာ ကြုံတွေ့ဖူးခြင်းမရှိဘူး။ သေးသောပြဿနာအတွေ့အကြုံလေးတွေရင်ဆိုင်ဖြတ်သန်းရမယ်ဆိုတာ ပြောလိုခြင်းဖြစ်တယ်။
ဒီကိစ္စနဲ့အတူ ကလေးအတွက်မရှိမဖြစ်ရရှိလာမယ့် ကိစ္စကတော့ မိမိကိုယ်ကိုယ်မိမိယုံကြည် မှုတည်ဆောက်ခြင်း (Building Self-Confidence) ဖြစ်ပါတယ်။ ဒါကလည်းကလေးရဲ့နဂိုဗီဇစိတ်ရယ်၊အတွေ့အကြုံရယ်က သင်ပြပေးသွားမှာပါ။ “မုဆိုး စိုင်သင်”ဆိုတဲ့စကားပုံလိုပဲ အတွေ့အကြုံထဲကနေရရှိလာမယ့်လေ့လာသင်ယူမှုတွေပါ ကလေးများဟာ မိမိရဲ့တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ရမယ်ဆိုတာ သိလာမယ်။ ဆုံးဖြတ်ချက်တွေကိုလည်း မိဘအုပ်ထိန်းသူမျာရဲ့အကူအညီမပါဘဲချ တတ်လာမှာဖြစ်တယ်။အိမ်မှာနေတုန်း ထစ်ခနဲရှိ မိဘအုပ်ထိန်းသူတွေထံ တင်ပြပြီး အဆုံးအဖြတ် နာခံရတဲ့အဖြစ်မျိုးကနေကိုယ့်ဘာသာကိုယ်ဘယ်လို လုပ်လိုက်မယ်ဆိုတာ ဆုံးဖြတ်ရတာတွေ လုပ်တတ်လာမှာဖြစ်တယ်။
၂။ အပြုအမူဆိုင်ရာစီမံခန့်ခွဲတတ်လာခြင်း
အပြုအမူအလေ့အထဆိုတာ ငယ်ငယ်လေးကတည်းက မိဘများမှာလေ့ကျင့်ပေးလိုက်တဲ့အတိုင်း တစ်သက်လုံး စွဲမှတ်သွားရသောကိစ္စမျိုး ဖြစ်ပါတယ်။
မူကြိုအရွယ်လေ့လာသင်ယူမှုတွင် အပြုအမူဆိုင်ရာစီမံခန့်ခွဲမှုများအားသင်ယူလေ့လာခြင်း သည် အဓိကကျလှသော အစိတ်အပိုင်းနိုင်သောကြောင့် ဖြစ်ပါတယ်။
မူကြိုအရွယ်ကလေးတွေဟာ ကျောင်းသားလုပ်မယ်ဆိုရင် ဘယ်လိုပြုမူကျင့်ကြံရမလဲဆိုတာသူတို့သင်ယူရမယ်။ သူ့ထက်အကြီးမူလတန်းကျောင်းသား အစ်ကိုအစ်မတွေရဲ့အလေ့အထကို အတုခိုးပြီးလိုက်ပါလုပ်ဆောင်ခြင်းဖြင့်ကျောင်းသားစဖြစ်ချင်သော သူ၏အမူအကျင့်ကိုလေ့လာနိုင် မှာဖြစ်တယ်။
သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ကိုလည်း သင်ယူရရှိမှာဖြစ်တယ်။ကိုယ်လိုချင်တာ ပြောချင် တာရှိရင်လက်ချောင်းကလေး ထောင်ပြပြီးခွင့်တောင်းတာမျိုးတွေသင်ရမယ်။တန်းစီပြီး ဝင်ရောက် ရတာမျိုးလုပ်တတ်လာမယ်။ အလှည့်ကျစောင့်ရတာမျိုးကို နားလည်လာမယ်။ဆရာဆရာမ၏ ဂရုစိုက်ပြောဆိုပေးမှုကို ဘယ်လိုမျှဝေခံစားရယူရမလဲဆိုတာ သင်ကြားရမယ်။ ကလေးတစ်ယောက်လုပ်နေကျ (Routine)အလုပ်တွေ ဘာတွေရှိတယ်ဆိုတာ သိလာမယ်။ ညွှန်ကြားချက်များနှင့် အမိန့်ပေးမှုများလိုက်နာခြင်းကို စောင့်ဆိုင်းရင်း လုပ်တတ်လာမယ်။
အရည်အသွေးပြည့်ဝသော မူကြိုကျောင်းတွေဆိုရင် ကလေးများအားစူးစမ်းရှာဖွေခြင်းဖြင့်အဖြေရှာနည်းကို သင်ပေးနိုင်တယ်။ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ခြင်းဖြင့်အဖြေပေါ် လာနိုင်တယ်ဆိုတာ သင်ပေးနိုင်တယ်။ အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အဖြေပေါ်လာနိုင်တယ်ဆိုတာ သင်ပေးနိုင်တယ်။
တကယ်တော့ မူကြိုကျောင်းသို့သွားခြင်းဆိုသည်မှာ ကလေးများအားသူတို့၏မိဘများနှင့် အုပ်ထိန်းသူများထံမှ ခေတ္တခွဲခွာ၍သီးခြားနေပြီးအခြားသူများနှင့် ပတ်ဝန်းကျင်လောကကြီးအတွက်ဘယ်လိုနေထိုင်ရတယ်ဆိုတာ သင်ကြားပေးသောနေရာတစ်ခုပင် ဖြစ်ပါတယ်။
ဒေါက်ထွေး (ဆေး-မန်း)