ပံ့ပိုးမှာလား သွတ်သွင်းမှာလား

            မိဘများ၊ဆရာသမားများအတွက်မြန်မာနိုင်ငံပညာရေးဟာ စိန်ခေါ်ချက်ကြီးမားလွန်းနေပါပြီ။ အထူးသဖြင့် မိဘ များဘက်က တက်ကြွစွာပါဝင်ပူးပေါင်းဖို့လိုနေတဲ့ကာလပါပဲ။ ပင်မပညာရေး (mainstream education)နဲ့ ဘက်စုံပညာ ရေး (holisticeducation)တို့ရဲ့ မတူညီမှုတွေကြောင့်ပါ။ အကယ်လိုများ မိမိတို့ ကလေးများကို ဘက်စုံပညာရေးဘက်ကိုအားပြုပေးချင်တယ်ဆိုရင် မိဘများဘက်က “လေ့လာခြင်း၊ ပါဝင် အားထုတ်ခြင်း” တွေကို ပြုလုပ်ပေးရပါတော့မယ်။

            မြန်မာနိုင်ငံရဲ့ ပညာရေးအပြောင်းအလဲကာလမှာပင်မပညာရေး ပုံစံကအားကောင်းနေဆဲ ဖြစ်ပြီး ပြောင်းလဲမှုကို လုပ်ရာမှာလည်း အချိန်တော်တော်ယူရဦးမယ့်အခြေအနေပါ။ ယင်းပြောင်းလဲမှုကို ထိုင်စောင့်နေဖို့ထက် မိမိတို့ကိုယ်တိုင် စတင်လိုက်တာကပိုပြီးအရွေ့အပြောင်း မြန်ဆန်နိုင်ပါတယ်။

            ပင်မပညာရေးအားကောင်းလာခဲ့တာကတော့ ဥရောပတိုက်ကနေစတင်လာသော စက်မှုတော်လှန်ရေး ကတည်း ကပါ။ စက်မှုတော်လှန်ရေးကြောင့် မြေကြီးကို အမှီပြုပြီးအလုပ်လုပ်ရာကနေ စက်တွေကို အမှီပြုပြီး အလုပ်လုပ်တဲ့ ဘက်ဆီ ပြောင်းလဲသွားခဲ့ပါတယ်။ ကောင်း၏၊ဆိုး၏ဆိုတာထက် အဲဒ်ီခေတ်ကာလရဲ့ တောင်းဆိုမှုကြောင့်လို့ပဲ ပြောရ ပါမယ်။ ဒါကြောင့် စက်မှုထွန်းကားလာတဲ့နိုင်ငံများဟာ စက်မှုနည်းပညာအခြေပြုလုပ် ငန်းတွေလုပ်ကိုင်နိုင်ဖို့ လုပ်သား တွေလိုလာပါတယ်။ကျွမ်းကျင်လုပ်သားတွေရဖို့ “ပညာရေး ”က အရေးကြီး လာပြီလေ။         

            တော်တဲ့လူ၊ တက်တဲ့လူတွေရနိုင်ဖို့ ပညာရေးမှာယှဉ်ပြိုင်စေတဲ့နည်းကို သုံးလာပါတယ်။