မသန်စွမ်းသူများအသက်မွေးလက်မှုပညာအစီအစဉ်၏ဆရာဖြစ် လက်မှုအတတ်ပညာသင်တန်းဖွင့်လှစ်
City Love & Hope Foundation ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံနားမကြားသူများဖွံ့ဖြိုးတိုးတက်မှုအဖွဲ့မှ တာဝန်ယူဆောင်ရွက်သောမသန်စွမ်းသူများအသက်မွေးလက်မှုပညာအစီအစဉ်(Livelihood Program for Persons with Disabilities-LP4PSWD 2015-2016) ၏ ဆရာဖြစ်လက်မှုအတတ်ပညာသင်တန်းနှင့်အခြေခံလက်မှုပညာသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား ကိုစက်တင်ဘာလ ၁၄ ရက်ကခဝဲခြံမျက်မမြင်ကျောင်း၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါမသန်စွမ်းသူများအသက်မွေးလက်မှုပညာအစီအစဉ်(Livelihood Program for Persons with Disabilities –LP4PSWD 2015-2016)သည် မသန်စွမ်းသူများ၏လူနေမှုဘဝအမှီခို ကင်းစွာရပ်တည်နိုင်ရေးနှင့် City Love & Hope Foundation ၏(CSR) လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် လူနေမှုဘဝတိုးတက်မြင့်မားရေးကဏ္ဍ၏လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ရည်ရွယ်၍ City Love & Hope Foundation မှ ငွေကျပ်သိန်း၄၀၀ မတည်၍ ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီးသင်တန်းတက် ရောက်မည့်သူများအနေဖြင့် မိမိတို့ရရှိသောပညာရေးကိုအကျိုးရှိစွာအသုံးချသွားမည်ဟုယုံကြည် ကြောင်းကို City Mart Holding Co.,Ltdမှတာဝန်ရှိသူမခင်မေဒေးမှပြောကြားခဲ့သည်။
အခြေခံလက်မှုပညာသင်တန်းများကိုရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သောမသန်စွမ်းသူများမှအယောက် ၁၀၀ အတွက် ၁၀ရက်ကြာသင်တန်း ၃ ကြိမ်နှင့် ဆရာဖြစ် လက်မှုအတတ်ပညာသင တန်းကိုရန်ကုန်တိုင်းဒေသကြီးအတွင်းမှမသန်စွမ်းအဖွဲ့များ၊ သင်တန်းကျောင်းမှဝန်ထမ်းများ၊ အဖွဲ့ဝင်များမှ မသန်စွမ်း ၁၅ ဦးကိုရွေးချယ်၍တစ်ကြိမ်လျှင်၅ ရက်ဖြင့် ၂ ကြိမ်ပို့ချသွားမည်ဖြစ် ပြီးတက်ရောက်သူများပြန်လည်ဆင့်ပွားသင်ကြားရာတွင်လည်းပံ့ပိုးသွားမည်ဖြစ်ကြောင်းသိရသည်။