အင်ဂျင်နီယာသင်တန်း ငါးမျိုးကို ပညာဒါနသင်ကြားမည်
အင်ဂျင်နီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၊ပညာရှင်များအမြောက်အများလိုအပ်လာပြီဖြစ်၍ စိတ်ပါဝင် စားသူများ တက်ရောက်သင်ကြားနိုင်ရန်ရည်ရွယ်ကာအင်ဂျင်နီယာသင်တန်း ၅ မျိုးကို Glory Career Training Centre မှ ပညာဒါနအဖြစ် အောင်တိုဘာလဆန်းတွင်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်Glory မှ တစ်နှစ်တစ်ကြိမ် ပညာဒါန ပြုသင်ကြား ပေးလျှက်ရှိပြီး သင်ကြားပေးမည့်သင်တန်းများမှာElectrical and Electronic lnstrumentation သင်တန်း (တိုင်းတာရေးကိရိယာ(၁၅) မျိုးခန့်၏လက်တွေ့အသုံးပြုပုံကို သင်ကြားပေးမည်။)၊ PLC (Programmable Logic Controller) သင်တန်း(PLCUnit, Sensor များအသုံးပြုပုံ၊ လက်တွေ့ Program ရေးသားပုံတို့ကို သင် ကြားမည်။)၊ အဲယားကွန်း၊ရေခဲသေတ္တာအလုပ်လုပ်ပုံ၊ ပြုပြင်တပ်ဆင်ခြင်းအပိုင်းတို့ကို သင်ကြားမည်။)၊ AutoCAD သင်တန်း(Drawing Command များ၊ 2D, 3D ပုံဆွဲခြင်းတို့ကို သင်ကြားမည်။)။ ဒီဇယ်၊ ဓာတ်ဆီ အင်ဂျင်ကျွမ်းကျင်မှုသင်တန်း(အင်ဂျင်အတွင်းရှိ အစိတ်အပိုင်းများအကြောင်းလုပ်ငန်းခွင်သုံး Handtools နှင့်Equipment များလက်တွေ့အသုံးပြုပုံ) တို့ဖြစ်သည်။
သင်တန်းအမျိုးအစားတစ်ခုလျှင် လူဦးရေ၂၀ ဦးသာလက်ခံမည်ဖြစ်သည်။ သင်တန်းတွင်လုပ်ငန်းခွင် သုံး lnstrument များ၊ Equipmentများအသုံးပြုကာသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စား သူများအနေဖြင့်Glory Career Training Centre ဖုန်း-၀၉-၇၃၁၂၁၇၁၇၊ ၀၉-၅၁၉၇၈၁၇ သို့ လာရောက်စာ ရင်းပေးသွင်းနိုင်မည်ဖြစ်သည်။