အင်တာနက်အသုံးပြုမှုများခြင်းကြောင့်ဆယ်ကျော်သက်များ သွေးတိုးရောဂါခံစားရနိုင်


          အင်တာနက်အသုံးပြုမှုများခြင်းကြောင့်   ကိုယ်အလေးချိန်တိုးခြင်းနှင့် သွေးပေါင်ချိန်တိုးခြင်းတို့ကိုဆယ်ကျော်သက်များခံစားရနိုင်ကြောင်း သုတေသနပြုသူများက ဖော်ပြလိုက်သည်။

    

          တစ်ပတ်လျှင် အနည်းဆုံး ၁၄ နာရီခန့်အင်တာနက်အသုံးပြုပါက သွေးတိုးရောဂါခံစားရနိုင်ကြောင်းကို သုတသနတွင် ဖော်ပြထားသည်။ သုတေသနပြုချက်အရဆယ်ကျော်သက်အများစုသည် တစ်ပတ်လျှင် နာရီပေါင်း ၂၅ နာရီကြာ အင်တာနက်အသုံးပြုနေကြသည်ကိုတွေ့ရသည်။

          ကျောင်းသား၁၃၄ ယောက်တွင် ၂၆ ယောက်သည် အင်တာနက်အလွန်အကျွံသုံးစွဲမှုကြောင့် သွေးတိုးရောဂါကို ခံစားနေရကြောင်းသုတေသနပြုချက်တွင် ဖော်ပြထားသည်။