ဗီဒီယိုဂိမ်းများကြောင့်အထက်တန်းစာမေးပွဲရလဒ်ဆိုးဝါး


          ဗီဒီယိုဂိမ်းကစားများသောကလေးများသည် အထက်တန်းစာမေးပွဲရလဒ်ပိုဆိုးဝါးတတ်ကြောင်း လေ့ လာမှုစစ်တမ်းတစ်ရပ်က ဖော်ပြသည်။

          စစ်တမ်းသည် ဗြိတိန်နိုင်ငံမြောက် GCSE စာမေးပွဲရလဒ်များနှင့်  ဗီဒီယိုဂိမ်းကစားနှုန်းများကို ချိန်ထိုးအ ကဲဖြတ်ထားခြင်းဖြစ်သည်။လေ့လာမှုစစ်တမ်းတွင် ကျောင်းသားတစ်ထောင်ပါဝင်သည်။ ဗီဒီယို၊ ဂိမ်း တစ်နေ့ လျှင် နှစ်ကြိမ်ခန့်ဆော့သောကျောင်းသားများ၏တစ်ဝက်အောက်သည်သာ GCSE ရမှတ်ကောင်းကောင်းရ ကြောင်း တွေ့ရသည်။ ဂိမ်းဆော့လေ့မရှိသော ကျောင်းသားများအနက်ရမှတ်ကောင်းသူ လေးပုံသုံးပုံကျော်အ ထိရှိသည်ကိုတွေ့ရသည်။

          “ကလေးတွေ ဗီဒီယိုဂိမ်းအလွန်အကျွံဆော့တာမျိုးမဖြစ်အောင်မိဘတွေရော၊ ဆရာတွေကပါ ထိမ်းသိမ်းပေးဖို့လိုပါတယ်။” ဟုဗြိတိန်ကလေးများဆိုင်ရာ ဗျူရိုအဖွဲ့(NCB)ကပြောသည်။ ကလေးများဗီဒီယို ဂိမ်းကစားရုံသာမက၊ အွန်လိုင်းအသုံးပြုပုံလည်း လေ့လာခဲ့သည်။

          အထက်တန်းကျောင်းသား ကလေး၁၀ယောက်တွင် ၄ယောက်သည်တစ်ရက်လေးနာရီနှင့်အထက် အွန်လိုင်းသုံးနေကြကြောင်းတွေ့ရသည်။ ကွန်ပျုတာသုံးချိန်အများစုသည်ဖျော်ဖြေရေးဆန်ပြီး တစ်နာရီခန့် သည်သာ ကျောင်းစာနှင့် ပတ်သက်ကြောင်းလည်း တွေ့ရသည်။