Yangonand Mandalay ၌ ဖြေဆိုနိုင်မည့် IELTS (Academic နှင့် General Training) စာမေးပွဲရက်များထုတ်ပြန်

Yangonand Mandalay ၌ ဖြေဆိုနိုင်မည့် IELTS (Academic နှင့် General Training) စာမေးပွဲရက်များထုတ်ပြန်

          ၂၀၁၆ ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ဖြေဆိုနိုင်မည့်IELTS (Academic နှင့် General Training) စာမေး ပွဲရက်များကို ဗြိတိသျှကောင်စီ ၀က်ဘ်ဆိုက်www.britishcouncil.org.mm/my/exam/ielts/dates-fees-locations တွင် သင်ရောက်ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်းသိရသည်။

          IELTS စာမေးပွဲကြေးများမှာ ရန်ကုန်မြို့နှင့်မန္တလေးမြို့ ၁၇၀၀၀၀ကျပ်ရှိမည်ဖြစ်ကြောင်းသိရသည်။ ဗြိတိသျှကောင်စီမြန်မာတွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့၌ IELTS စာဖြေဌာနနှစ်ခုရှိသည်။ စာရင်းသွင်း မှတ်ပုံ တင်ပြုလုပ်ဖြင်းများကိုရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ ဗြိတိသျှကောင်စီများမှ တာဝန်ယူဆောင်ရွက်ပေးပြီး စာမေးပွဲဖြေဆိုခွင့်များကိုဦးရာလူစနစ်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်စာမေးပွဲဖြေ ဆိုရမည့်ရက်မတိုင်ခင်အနည်းဆုံး ၂ လကြိုတင်၍ စာရင်းပေး မှတ်ပုံတင်ရမည်ဖြစ်သည်။ သတ်မှတ်ထားသော ဖြေဆိုသူအရည်အတွက်ပြည့်လျှင်မှတ်ပုံတင်ခြင်းကို လက်ခံမည်မဟုတ်ကြာင်းသိသည်။

          IELTS စစ်ဆေးမှုသည် နိုင်ငံရပ်ခြားတွင် ဘ၀အသစ်စတင်ရာ၌အင်္ဂလိပ်စကားအသုံးပြုရာတွင် အထောက်အကူဖြစ်စေရန် စီစဉ်ထားခြင်းဖြစ်သည်။ အကြား၊ အဖတ်၊အရေးနှင့် အပြောဟူသည့် အင်္ဂလိပ်ဘာသာစွမ်းရည် ၄မျိုးစလုံးအား အချိန် ၃နာရီမပြည့်ခင်တွင်စစ်ဆေးသွားမည်ဖြစ်သည်။ အကြားစွမ်း ရည်၊ အဖတ်စွမ်းရည်၊ အရေးစွမ်းရည်နှင့် အပြောစွမ်းရည်တို့ကိုတစ်ရက်တည်းတွင် စစ်ဆေးပေးမည်ဖြစ် သည်။ အပြောစွမ်းရည်ကိုမှု ၄င်းစွမ်းရည် ၃ မျိုးနှင့်တစ်ရက်တည်းသော်လည်းကောင်း၊စာမေးပွဲရက်မတိုင်ခင် တစ်ပတ်အလိုတွင်လည်းကောင်း၊ စာမေးပွဲအပြီး တစ်ပတ်အကြာတွင်လည်းကောင်းစစ်ဆေးနိုင်သည်။အပြော စွမ်းရည်အားစစ်ဆေးမည့်ရက်သည် အဓိကစာမေးပွဲရက်နှင့် မတူပါက ကြိုတင်အကြောင်းကြားမည်ဖြစ်သည်။

          စာရင်းပေးသွင်းရန်နှင့် အသေးစိတ်သိရှိလိုပါကရန်ကုန် ဗြိတိသျှကောင်စီ Customer Service & Sales Department ဖုနး ၂၅၆၂၉၀၊ ၂၅၆၂၉၁(လိုင်းခွဲ - ၃၁၀၆၊ ၃၃၁၇) သို့ တနင်္လာနေ့မှ စနေနေ့ နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအတွင်းဆက်သွယ်မေးမြန်းနိုင်ပြီး enquires@mm. britishcouncil.orgသို့ အီးမေးလ်ပို့ ၍ စုံစမ်းမေးမြန်းနိုင်သည်။ မန္တလေး ဗြိတိသျှကောင်စီ ဖုန်း - ၉၅(၀)၁၁၂၀၃၁၁၄၊(၀)၂၃၃၉၀၄ (လိုင်းခဲ ၈၀၃) သို့လည်း စုံစမ်းမေးမြန်းနိုင်သည်။