တက္ကသိုလ်၊ဒီဂရီ၊ ကောလိပ်များတွင် ကျောင်းဝင်ခွင့်ရရှိသူများစာရင်း နိုဝင်ဘာလလယ်တွင် ကြေညာမည်


          ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်များ၏ပညာသင်နှစ် ပထမနှစ်သင်တန်း ကျောင်း ၀င်ခွင့်ရရှိသူများစာရင်းကို နိုဝင်ဘာလလယ်တွင် ကြေညာသွားမည်ဖြစ်ကြောင်းအဆင့်မြင့်ပညာဦးစီးဌာနမှ သတင်းရရှိသည်။

          ပညာသင်နှစ် ပထမနှစ်သင်တန်း ကျောင်း ၀င်ခွင့်ရရှိသူများစာရင်းကိုသက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်အသီးသီးတွင် ကြေညာသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်များအလိုက်ဒီဇင်ဘာတွင် စတင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သတင်းရရှိသည်။

          “၀င်ခွင့်ရတဲ့ကျောင်းသားတွေကိုနိုဝင်ဘာလလယ်လောက်မှာ ကျောင်းတွေကနေ အကြောင်းကြားစာ ပို့သွားမယ်။ တချို့ဝင်ခွင့်ရွေးပြီးသွားတဲ့ကျောင်းတွေကတော့ အခုထဲကစပြီး ကြေညာနေပြီ။ တခြားဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်တွေကတော့ နိုဝင်ဘာလလယ်ထက်မစောနိုင်ဘူး”ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

          ပညာရေးဝန်ကြီးဌာနလက်အောက်ရှိဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းအတွက် ဒီဇင်ဘာ ၃ ရက်တွင် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီးဒုတိယနှစ်နှင့်အထက် ကျောင်းသားများသည် ဒီဇင်ဘာ ၁၀ ရက်၌ စတင်တက်ရောက်နိုင်မည်ဖြစ်သည်။

          “ဒဂုံတက္ကသိုလ်မှာတော့ဝင်ခွင့်စာရင်းတွေ ဒီလကုန်လောက်ကပ်မယ်ထင်တယ်။ အဲဒီကျမှ ဘယ်နေ့ ကျောင်းအပ်ရမလဲဆိုတာစုံစမ်းမယ်’’ဟု ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မှကျောင်းသားကိုမင်းသူကပြောသည်။

          ပညာရေးဝန်ကြီးဌာနလက်အောက်တွင်တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ် ၁၆၀ ကျော်ရှိပြီး ဒီဇင်ဘာအ တွင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။