အင်တာနက်တစ်ခွင် ကျော်ကြားခဲ့တဲ့ ဥာဏ်စမ်းမေးခွန်း
တလောက ကမ္ဘာအနှံ့ အင်တက်နက်ပေါ်မှာ ပျံ့နှံ့သွားတဲ့ စင်္ကာပူမှ အလယ်တန်းအဆင့် သင်္ချာဥာဏ်စမ်း မေးခွန်းလေး ဖြေကြည့်ကြပါဦး ။ မေးခွန်းကိုမြန်မာလိုပြန်ပေးလိုက်ပါတယ် ။ ဖြေနိုင်သူများဟာ မြင့်မားတဲ့ IQ ပိုင်ဆိုင်ထားသူများ
ဖြစ်ပါတယ်တဲ့။ :P
မောင်မြ နှင့် မောင်ထူး တို့ဟာ မကြာခင်ကပဲ မလှ နှင့်သူငယ်ချင်း တွေဖြစ်လာကြပြီး သူမရဲ့မွေးနေ့ကိုသိချင်ကြပါသတဲ့။ ဒါနဲ့ မလှ ကသူမရဲ့မွေးနေ့ဟာ အောက်ပါ ရက်စွဲ ၁၀ ခုထဲမှတစ်ခုဖြစ်ပါတယ်တဲ့။
မေလ ၁၅ မေလ ၁၆ မေလ ၁၉
ဇွန်လ ၁၇ ဇွန်လ ၁၈
ဇူလိုင် ၁၄ ဇူလိုင် ၁၆
သြဂုတ်လ ၁၄ သြဂုတ်လ ၁၅ သြဂုတ်လ ၁၇
အဲဒီနောက် မလှ ဟာ မောင်မြ ကိုသူမရဲ့ မွေးလကိုပြောပြီး မောင်ထူး ကိုတော့သူမရဲ့ မွေးရက်ကို သီးခြားစီ ပြောပါတယ်။ ထိုသို့ပြောပြီးနောက်
မောင်မြ ကျွှန်တော် မလှ ရဲ့မွေးနေ့ကို မသိပါဘူး ။ ဒါပေမဲ့ ကျွှန်တော်သိတာက မောင်ထူး လည်း သူမရဲ့မွေးနေ့ကိုမသိပါဘူး ။
မောင်ထူး အစက ကျွှန်တော် မလှ ရဲ့မွေးနေ့ကို မသိဘူး ။ ဒါပေမဲ့ အခုတော့ သိသွားပြီ ။
မောင်မြ ဒါဆို ကျွှန်တော်လည်း အခုသိသွားပြီ ။
ကဲ မလှ မွေးနေ့ ဘယ်နေ့လဲ ။
--------------------------------------------------------------------------------------
အဖြေ
မောင်မြသိတာက မွေးလတွေ မေလ ၊ ဇွန်လ ၊ ဇူလိုင်လ ၊ သြဂုတ်လ
မောင်ထူးသိတာက မွေးရက်တွေ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၁၉
တစ်ကြောင်းချင်းစီလေ့လာကြည့်ရအောင် ။
၁) ကျွှန်တော် မလှ ရဲ့မွေးနေ့ကို မသိပါဘူး ။ ဒါပေမဲ့ ကျွှန်တော်သိတာက မောင်ထူး လည်း သူမရဲ့မွေးနေ့ကိုမသိပါဘူး ။
၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၇ တို့ဟာ နှစ်ခါစီ ပါကြပြီး ၁၈ ၊ ၁၉ ကတော့ တစ်ခါစီပဲ ပါတယ်။ အကယ်၍များ မလှ က မောင်ထူး ကို
၁၈ သို့မဟုတ် ၁၉ ပြောခဲ့မယ် ဆိုရင် မောင်ထူး ဟာချက်ချင်း အဖြေရသွားမှာဖြစ်ပါတယ်။ ဒီတော့ မောင်မြဟာ မောင်ထူး
အဖြေ မသိဘူးဆိုတာကို ဘယ်လို သိလဲ ? တစ်ခုတည်းသောနည်းကတော့ မလှ သူ့ကိုပြောခဲ့တဲ့ မွေးလ ဟာ ၁၈ နဲ့ ၁၉ တို့
ပါတဲ့လ ( မေလ ၊ ဇွန်လ ) မဟုတ်လို့ပါပဲ။ ဒါဆို မလှ က မောင်မြ ကိုပြောခဲ့တဲ့လဟာ ဇူလိုင်လ သို့မဟုတ် သြဂုတ်လ ဖြစ်ပါ
တယ်။
၂) အစက ကျွှန်တော် မလှ ရဲ့မွေးနေ့ကို မသိဘူး ။ ဒါပေမဲ့ အခုတော့ သိသွားပြီ ။
အထက်ပါ ၁ အချက်ကနေ မောင်ထူး က မလှ ရဲ့မွေးနေ့ကို သိသွားပြီလို့ပြောတယ်။ ဒီအချက်ကနေ မွေးရက်ဟာ ၁၄ မဖြစ်နိုင်
တာကို ကောက်ချက်ချလို့ရပါတယ်။ ဘာကြောင်ဆို ၁၄ ဟာ နှစ်ခါပါနေလို့ပါ။ ဒါဆိုတော့ ဖြစ်နိုင်တဲ့ရက်တွေက ၁၅ ၊ ၁၆ ၊ ၁၇
တို့ပဲ ဖြစ်ပါတယ်။
၃) ဒါဆို ကျွှန်တော်လည်း အခုသိသွားပြီ ။
၂ အချက်ကနေ အခုဆို မောင်မြ အတွက်ရွေှးချယ်စရာ ၃ ခုဘဲကျန်ပါတယ်။ ဇူလိုင် ၁၆ ၊ သြဂုတ်လ ၁၅ ၊ သြဂုတ်လ ၁၇
တို့ပဲဖြစ်ပါတယ်။
အခု မောင်မြ ကသိသွားပြီဆိုတော့ သူသိထားတဲ့လဟာ သြဂုတ်လ မဟုတ်နိုင် တော့ပါဘူး ။ ဘာကြောင့်ဆို သြဂုတ်လ ဆိုရင်
ရွေးချယ်စရာ နှစ်ခု ဖြစ်နေလို့ပါ။
ကဲဒီလိုဆိုတော့ နောက်ဆုံးအဖြေမှန်ဟာ ဇူလိုင် ၁၆ ဖြစ်ပါတယ်။