မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲကျင်းပမည်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုစာမေးပွဲကျင်းပမည်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြုNetworking စာမေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် တွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့်အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် တစ်ပြိုက်နက်တည်းကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်းသိရငသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာအိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်း ကြောင်းပြုလိုသော ကျောင်းသား၊ ကျောင်းသူများ၊အသင်းဝင်များအတွက် အရည်အချင်းကိုအသိအမှတ်ပြုခံ နိုင်ရေးအတွက် ဦးတည်စစ်ဆေးသောစာမေးပွဲဖြစ်သည်။အဆိုပါစာမေးပွဲသည် Professional နယ်ပယ်သို့ စတင်ဝင်ရာက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့်ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည်ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေ အနေသို့ရောက်မည်ဖြစ်သည်။
ဖြေဆိုရမည့်စာမေးပွဲအမျိုးအစားမှာNerwork Associate Examination (NA), Nerwork Professional Examination(NP) စာမေးပွဲတို့ဖြစ်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် နောက်ဆုံးထားစာရင်းပေးသွင်းရမည်ဖြစ်ပြီးစာမေးပွဲကြေးအနေဖြင့် NA Exam Fee-200,00 ကျပ်, NP Exam Fee- 300,00 ကျပ် နှင့်MCPAအသင်းဝင်ဖြစ်ပါက ၅၀ % Discount ရရှိမည်ဖြစ်သည်။ အသေးစိတ်သိရှိ လိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်းဖုန်း ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။