Submitted on 2015-09-14

ဗြိတိသျှကောင်စီ (ရန်ကုန်) တွင် General English (4 Skills) အင်္ဂလိပ်စာသင်တန်းသစ်များဖွင့်လှစ်မည်

အင်္ဂလိပ်စာကို လေ့လာသင်ကြားလိုသည့်ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ များအတွက်ရည်ရွယ်၍ ဗြိတိသျှကောင်စီ (ရန်ကုန်) တွင် General English (4 Skills) အင်္ဂလိပ်စာ သင်တန်းသစ်များကို အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ တက်ရောက်လိုသူအားလုံး (အသက် ၇ နှစ်နှင့် အထက်မည်သူမဆို) ဝင်ခွင့်စာမေးပွဲဖြေ ဆိုရမည်ဖြစ်ကြောင်း သိရသည်။ တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း၊ စနေနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁၂ နာရီအတွင် လာရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။ ဝင်ခွင့်စာမေးပွဲကြေးမှ တစ်သောင်းကျပ်ဖြစ်ပြီး မှတ်ပုံတင်ကတ်ပြား (သို့) သန်းခေါင်းစာရင်း/ မွေးစာရင်းမူရင်းများ ယူဆောင်လာရန်လိုအပ်မည်ဖြစ်ကြောင်းသိရသည်။ လူကြီးများအတွက် General English အတန်းများ၏ သင်တန်းကြေးမှာ ကျပ် ၃၅၀၀၀၀ ဖြစ်ပြီး လူကြီးများအတွက် IELTS Preparation အတန်းများနှင့် ကလေးများအတွက် General English အတန်းများမှာ ကျပ် ၃၆၅၀၀၀ ဖြစ်သည်။ စုစုပေါင်းသင်ကြားချိန်မှာ နာရီ ၆၀ ဖြစ်ပြီး သင်တန်းကြေးများမှာ ကျပ် ၂၀၀၀၀ တန်ဖိုးရှိသောဗြိတိသျှကောင်စီစာကြည့်တိုက်တွင် တစ်နှစ် အသင်းဝင်ခွင့်ပါ ပါရှိမည်ဖြစ်သည်။ အရည်အသွေးပြည့်နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် ရ ဆရာ၊ ဆရာမများဖြင့်သာ သင်ကြားပေးမည်ဖြစ်ပြီး ဗြိတိသျှကောင်စီအသိအမှတ်ပြု သင်တန်းဆင်း လက်မှတ်ရရှိမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက British Council Customer Service & Sales Department Ph: 01-256290, 01-256291 ( Fax- 3106, 3317) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး enquiries@ mm.britishcouncil.org သို့ အီးမေးလ်ပို့၍ဖြစ်စေ၊ www.facebook.com/BritishCouncilMyanmar မှ message ပေးပို့၍ဖြစ်စေ၊ ဤ call back form အားဖြည့်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်သည်။ Call back form ဖြည့်ပါက British Council မှ ဖုန်းပြန်ဆက်ပေးမည်ဖြစ်သည်။

Contact: 01-256290, 01-256291 ( Fax- 3106, 3317)