Submitted on 2015-09-14

IQN(UK) မှတိုက်ရိုက်ပေးအပ်သော Diploma in Human Resource Management သင်တန်းဖွင့်လှစ်မည်

International Qualifications Network (IQN) UK မှတိုက်ရိုက်ပေးအပ်သော Diploma in Human Resource Management သင်တန်းကို F.A.M.E Education Center မှ စက်တင်ဘာလ အတွင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Diploma in Human Resource Management သင်တန်းကို HR Department တွင် တာဝန်ထမ်းဆောင်နေပြီးစာတွေ့လက်တွေ့စနစ်တကျပေါင်းစပ်လိုသူများ၊ HR ပညာရပ်အား အခြေခံမှ စတင်လေ့လာပြီး Management Level သို့တက်လှမ်းလိုသူများ၊ Professional HR တစ်ယောက် အဖြစ် အခြေခံမှစတင်လေ့လာပြီး Management Level သို့တက်လှမ်းလိုသူများ၊ Professional HR တစ်ယောက်အဖြစ်ရပ်တည်လိုသူများနှင့် HR Specialist တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရန် ရည်ရွယ်ထားသူများ တက်ရောက်သင့်သောသင်တန်းဖြစ်ကြောင်းသိရသည်။ အဆိုပါ Diploma in Human Resource Management သင်တန်းသည် သင်တန်းကာလ ငါးလခွဲကြာတက်ရောက်ရမည်ဖြစ်ပြီး သင်ကြားရမည့် Course Outline များမှာ The Development of HRM, HR Planning, Recruitment and Selection, Reward Management, Monitoring and Management Performance, Exits Right and Procedures အစရှိသည်တို့ဖြစ်သည်။ F.A.M.E Education Center သည် IQN (UK) နှင့် Pearson VUE တို့မှတရားဝင် အသိ အမှတ်ပြုထားသော Registered Training Center တစ်ခုဖြစ်ပြီးကျောင်းသားများ International Diploma များကို နိုင်ငံရပ်ခြားသွားစရာမလိုဘဲပြည်တွင်းတွင် ကုန်ကျစရိတ်သက် သာပြီး လွယ်ကူ စွာတက်ရောက်သင်ကြားနိုင်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ထားသော Center ဖြစ်ကြောင်းသိရသည်။ ထို့ပြင် သင်ကြားမှုပိုင်းတွင်လည်း ကျောင်းသားများအား Guide ချိန်များထားရှိပေးခြင်း၊ Old Question နှင့် Practice Question များလေ့ကျင့်ဖြေကြားပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဖြစ် ကြာင်း သိရသည်။ တက်ရောက်မည့် ကျောင်းသားများအနေဖြင့် ပထမဦးဆုံး ၃ယောက်ကို ၁၀ ရာခိုင်နှုန်း Discount ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ သင်ကြားမည့်ဆရာများမှာ အတွေ့အကြုံရှိပြီး လက်တွေ့လုပ်ငန်းခွင်တွင် HR Management Level ဖြင့်လုပ်ကိုင်နေသောကြောင့် စာတွေ့အပြင် HR တစ်ယောက်သိသင့်သိထိုက်သော ပြင်ပဗဟုသုတများကိုပါ ထည့်သွင်းသင်ကြားပေးခြင့်ကြောင့် ကျောင်းသားများ Diploma တက်ရောက်ပြီးပါက လုပ်ငန်းခွင်တွင် မိမိကိုယ်ကို ယုံကြည်မှုပိုမိုရရှိစေ နိုင်မည်ဖြစ်ကြောင်းသိရသည်။ F.A.M.E Education Center မှဒီပလိုမာတက်ရောက်သောကျောင်းသားများအား သက်ဆိုင် ရာဘာသာရပ်၏ Certificate Class အား FOC (Free of Charges)ဖြင့်တက်ရောက်ခွင့်ပေး သွားမည် ဖြစ်ကြောင်းသိရသည်။ F.A.M.E Education Center သည် စင်ကာပူနိုင်ငံရှိ Cedar Academy နှင့် ချိတ်ဆက်ဖွင့်လှစ်ထားသောကြောင့် F.A.M.E တွင် Certificate Class များ တက်ရောက်သော ကျောင်းသားများအနေဖြင့် F.A.M.E မှပေးအပ်သော Certificate အပြင် Singa- pore Cedar Academy မှပေးအပ်သော Certificate ကိုပါထပ်မံရရှိရန်အခွင့်အရေးရှိကြောင်း သိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် F.A.M.E Education Centerအမှတ် ၁၂၄၊ ၁ဘီ၊ ၂၁ လမ်း၊ လသာမြို့နယ်၊ ဖုန်း ၀၉-၇၃၀၈၁၁၃၁၊ ၀၉-၃၀၃၆၀၆၈၀၊ ၀၉-၂၅၃၈၆၈၁၇၂ သို့ဆက်သွယ်စုံစမ်း နိုင်သည်။

Contact: ၀၉-၇၃၀၈၁၁၃၁၊ ၀၉-၃၀၃၆၀၆၈၀၊ ၀၉-၂၅၃၈၆၈၁၇၂