Submitted on 2015-09-14

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် Web Development Course သင်တန်း

Web Development Course using J2EE Struts Framework သင်တန်းကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းအား နိုဝင်ဘာလ ၂ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်တွင်သင်တန်းစတင်လက်ခံမည်ဖြစ်သည်။ Java Programming Language ကိုအသုံးပြု၍ဝက်ဘ်ဆိုက်တစ်ခု တီထွင်ဖန်တီးတတ်စေရန် နှင့် Final Year တွင်ပြုလုပ်မည့် Project များရေးသားရန်အတွက် အထောက်အကူပြုစေရန်ရည်ရွယ် ကာ ၎င်းသင်တန်းကိုဖွင့်လှစ်သင်ကြားခြင်းဖြစ်ပြီး Java Programming Language (Basic) အခြေခံ ရှိသူ ကျောင်းသား၊ ကျောင်းသူများတက်ရောက်နိုင်သည်။ (ကွန်ပျူတာဒုတိယနှစ် ကျောင်း သား၊ ကျောင်းသူများမှစ၍ တက်ရောက်နိုင်မည်ဖြစ်သည်။) သင်တန်းတွင် Servlet, JSP and JSTL, MVC Pattern and Framework, MVc Pattern and Farameowork, MVC Pattern and Framework, JDBC, Project များကို သင်ကြားရမည် ဖြစ်ပြီး လေ့ကျင့်သင်ကြားချိန်နှင့် Project ပြုလုပ်ချိန်၊ လေ့ကျင့်သင်ကြားချိန်စုစုပေါင်း ၄၅ နာရီ ကြာမြင့်မည်ဖြစ်သည်။ Project ပြုလုပ်ချိန်စုစုပေါင်း ၃၀ နာရီဖြစ်သည်။ သင်တန်းပြီးဆုံးပါက ဝက်ဘ်ဆိုက်များကို Java Programming Language အသုံးပြု၍ ကိုယ်တိုင်ရေးသားနိုင်မည်ဖြစ်သည်။ သင်တန်းအား ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တွင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းသား ၄၀ ဦးသာလက်ခံမည်ဖြစ်သည်။ စာရွက်စာတမ်းကြေးအနေဖြင့် တစ်ဦးလျှင် သုံးသောင်းကျပ်ကျသင့်မည်ဖြစ်ပြီး အောက်တို ဘာလ ၂၀ ရက်နောက်ဆုံးထားကာလျှောက်ထားနိုင်မည်ဖြစ်သည်။ အသေးစိတ်ထပ်မံသိရှိလိုသူများအနေဖြင့် ၀၁-၆၁၀၈၈၉၊ ၀၁-၆၁၀၆၅၅၊ ၀၁-၆၁၀၂၂ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Contact: ၀၁-၆၁၀၈၈၉၊ ၀၁-၆၁၀၆၅၅၊ ၀၁-၆၁၀၂၂