KMD နှင့် Huawei တို့ပူးပေါင်းဖွင့်လှစ်သော HCNG သင်တန်းတန်းခွဲသစ်ဖွင့်မည်
ICT နည်းပညာရပ်များကိုစိတ်ပါဝင်စားသူများ၊ မိုဘိုင်းကွန်ရက်ဆက်သွယ်ရေး ပညာရပ်ဖြစ် သော Telecom နည်းပညာများကိုစိတ်ပါဝင်စားသူများ၊ Telecom Industry တွင်ဝင်ရောက် လုပ်ကိုင်လျက်ရှိသောသူများအနေဖြင့် KMD နှင့် Huawei တို့မှပူးပေါင်းဖွင့်လှစ်သော HCNG သင်တန်းကိုစက်တင်ဘာလနှင့် အောက်တိုဘာလများတွင် တန်းခွဲသစ်များဖွင့်လှစ် သွားဖြစ်ကြောင်း သိရသည်။ အဆိုပါ HCNG သင်တန်းဆိုသည်မှာ Huawei Certified Network Graduate ဖြစ်ပြီး Telecom လုပ်ငန်းများ၏လုပ်ဆောင်ပုံများကိုသိရှိစေရန်အတွက် ICT Basic , IP Network, Core Network Introduction, GSM & WCDMA Network Fundamental နှင့် Transmission Network Introduction အစရှိသောဘာသာရပ်များကို Huawei အသိအမှတ်ပြုအရည်အချင်းပြည့်မီသောဆရာ၊ ဆရာမများ၊ Huawei မှနည်းပညာရှင်များကိုယ်တိုင် စနစ်တကျသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်အထိသင်ကြားပေးမည်ဖြစ်သောကြောင့် Telecom နှင့်ပတ်သက်သောသင်ထောက်ကူပစ္စည်းများအပြည့်အစုံဖြင့် လက်တွေ့ကျကျ သင်ကြားနိုင် မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက Telecom Industry များတွင်ဝင်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အရေးများလည်းရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ ရုံးချိန်လွတ် စနေ၊ တနင်္ဂနွေ HCNG သင်တန်းတန်းခွဲသစ်ကိုစက်တင်ဘာလ ၂၀ ရက်နှင့် အောက်တိုဘာလ ၅ ရက်တွင်တနင်္လာမှသောကြားအထိတက်ရောက်ရမည်ဖြစ်သည်။ သင်တန်းတန်း ခွဲသစ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက KMD ဖုန်း- ၀၁-၅၀၂၂၃၃၊ ၀၁-၅၂၇၄၃၆ သို့ဆက်သွယ်မေးမြန်းနိုင်သည်။
Contact: ၀၁-၅၀၂၂၃၃၊ ၀၁-၅၂၇၄၃၆