အင်္ဂလန်နိုင်ငံရှိ အစိုးရကာလိပ်မှပေးအပ်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာသင်တန်း
အင်္ဂလန်နိုင်ငံရှိ အစိုးရကာလိပ်မှပေးအပ်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာတန်းခွဲသစ်ဖွင့်မည် အင်္ဂလန်နိုင်ငံရှိ City of Oxford College (အစိုးရကောလိပ်) မှ ပေးအပ်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာတန်း တန်းခွဲသစ်ကို iAcademic Institute တွင်အောက်တိုဘာလ ၁၁ရက်မှစတင်ကာ ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ City of Oxford College မှအသိအမှတ်ပြုပေးထားသော ပြည်တွင်း၊ ပြည်ပအတွေ့အကြုံရှိ ဆရာ၊ ဆရာမကြီးများမှ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းကာလ ၅ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးများကိုလည်း အရစ်ကျခွဲသွင်းနိုင်မည်ဖြစ် သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ၊ တက္ကသိုလ်တက်ရောက်နေဆဲသူများ၊ လုပ်ငန်းခွင်ဝင် ရောက်နေသူများ၊ ဘွဲ့တစ်ခုခုရရှိထားပြီးသူများ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် iAcademic Institute အခန်း(၈၀၃)၊ ၈လွှာ၊ ပန်းခြံတာဝါ၊ မြေနီကုန်း ဖုန်း ၀၉-၂၅၄၈၃၁၉၁၁၊၀၁-၅၃၉၁၃၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Contact: ၀၉-၂၅၄၈၃၁၉၁၁၊၀၁-၅၃၉၁၃၀