Submitted on 2015-09-30

Project Web Design သင်တန်း

အင်တာနက်အတွင်း ၀က်ဘ်ဆိုက်များရေးရန် စိတ်ဝင်စားသူများအတွက် လက်တွေ့ဦးစားပေး Project Web Design သင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း Infodias Computer Centre မှသိရသည်။ သင်တန်းတွင် Project တစ်ခုပါဝင်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၃လဖြစ်သည်။ သင်ကြားရာတွင် HTML,CSS, Javascript, Photoshop, Dreamweaver, Flash, JQuery, Design Principles နှင့် Colour ပညာ ဖရပ်များ၊ ဓါတ်ပုံပညာရပ်များအပြင် အင်တာနက်အတွင်း Domain name နှင့် Website Hosting တင်နိုင်သည်အထိ တစ်ပေါင်းတစ်စည်းတည်း သင်ကြားရမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းပြီးဆုံးပါက ဆရာများ၏ကူညီမှုဖြင့် ကိုယ်ပိုင်စိတ်ကြိုက် Web Project Site တစ်ခုတည် ဆောက်ကာ အင်တာနက်ပေါ်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ လက်တွေ့ဦးစားပေးလုပ်ငန်းခွင်သုံး Tutorial များ၊ လက်တွေ့လေ့ကျင့်ခန်းများ၊ အနုပညာဧည့်ဆရာများ၏ သင်ကြားမှုများ၊ ဟောပြောပို့ချချက်များကိုပါ အနုပညာမြောက် Websiteများ တည်ဆောက်နိုင်ရန်အတွက် အားဖြည့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အခြားသင်တန်းများအဖြစ် Graphic Design, Joomal CMS, Wordpress CMS Project, PHP & MySQL (Online Shopping) သင်တန်းများကိုလည်း သင်ကြားလျှက်ရှိသည်။ ရုံးချိန်လွတ်တန်းခွဲများပါ ဖွင့်လှစ်လျှက်ရှိပြီး သင်တန်းကြေးများကို အရစ်ကျပေးသွင်းနိုင်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များ ကို ၀က်ဘ်ဆိုက်လိပ်စာ www.infodias.com သို့လည်းကောင်း၊ တိုက်(၅)၊ အခန်း(၁၉)၊ ပထမထပ်၊ လှိုင်ရတနာအိမ်ရာ၊ ရန်ကုန်အင်းစိန်လမ်းမကြီး (သံလမ်းမှတက်တိုင်) လှိုင်မြိ့နယ်၊ ဖုန်း ၀၉-၇၃၂၁၉၀၉၀၊ ၅၂၆၁၂၅ သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်သည်။ု

Contact: ၀၉-၇၃၂၁၉၀၉၀၊ ၅၂၆၁၂၅