Submitted on 2015-10-03

ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများအတွက် MMMF Grants ပညာသင်ထောက်ပံ့ကြေး

ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများအား အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများတွင် ပညာ သင်ကြားနိုင်ရန် MMMF Grants ပညာသင်ထောက်ပံ့ကြေးများ လျှောက်ထားနိုင်ပြီ ဖြစ်သည်။ လျှောက်ထားသူများသည် လျှောက်ထားချိန်တွင် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုတွင် ကျောင်းဝင် ခွင့်ရရှိပြီးဖြစ်ရမည်။ ပညာသင်ထောက်ပံ့ကြေးလက်ဝယ်ရရှိချိန်တွင် ပညာသင်နှစ်တစ်နှစ်တာ အပြည့်ကျောင်း အပ်နှံရန် အစီအစဉ်ရှိပြီး ဖြစ်ရမည်။ MMMF ထောက်ပံ့ကြေးသည် ပညာသင်နှစ်တစ်နှစ်တာအတွက် အထွေထွေကုန်ကျစရိတ်ကိုသာ တာဝန်ယူခြင်းဖြစ်သည်။ နောက်ဆုံးလျှောက်ထားရမည့်ရက်စွဲမှာ ၁၆.၁.၂၀၁၆ ရက်နေ့ ဖြစ်သည်။ သင်ကြားနိုင်သည့် ဘာသာရပ် အမေရိကန်ပြည်ထောင်စု သို့မဟုတ် ကနေဒါနိုင်ငံမှ တက္ကသိုလ်များတွင်သင်ကြားပေးနေသော မည်သည့်ဘာသာရပ်မဆို ရွေးချယ်၍ ပညာသင်ဆုလျှောက်ထားနိုင်သည်။ ပညာသင်ဆုထောက်ပံ့သူ - - Margaret McNamara Memorial Fund(MMMF) ပညာသင်ဆုဖြင့် တက်ရောက်ရမည့်နေရာ - - အမေရိကန်ပြည်ထောင်စု၊ ကနေဒါနိုင်ငံ လျှေက်ထားနိုင်သူများ MMMF ပညာသင်ထောက်ပံ့ကြေးသည် ဖွံဖြိုးဆဲနိုင်ငံများမှ ငွေကြေးလိုအပ်ချက်ရှိပြီး အမျိုးသမီးများနှင့် ကလေးငယ်များအခွင့်အရေးပိုမိုရရှိလာစေရန် လှုပ်ရှားသူ အမျိုးသမီးများအတွက် ထောက်ပံ့သော ထောက်ပံ့ ကြေးဖြစ်သည်။ ယှဉ်ပြိုင်မှုဖြင့် အရွေးခြယ်ခံရမည်ဖြစ်သည်။ လျှောက်ထားသူများသည် အွန်လိုင်း ၀က်ဘ် ဆိုက် www.mmmf-grants.org တွင် လျှေက်ထားနိုင်သည်။ ထောက်ပံ့ကြေးလျှောက်ထားသော အမျိုးသမီး များသည် အောက်ပါစံနှုန်းများနှင့် ပြည့်စုံရမည်ဖြစ်သည်။ - ဖွဲ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများနှင့် ကလေးငယ်များအတွက် အလုပ်လုပ်ရန်ကတိကတိပေးနိုင်သူ - ငွေကြေးလိုအပ်ချက်ရှိကြောင်း တင်ပြနိုင်သူ - ဘွဲ့ရပြီး နှစ်နှစ်အတွင်း ဖွံဖြိုးဆဲ နိုင်ငံတစ်နိုင်ငံတွင် အမျိုးသမီးများနှင့်ကလေးသူငယ်များ အခွင့်အရေး မြှင့်တင်ရေးအတွက် အနည်းဆုံးနှစ်နှစ်ပြန်လည်အကျိုးပြုရန် ရည်ရွယ်သူ - လျှောက်ထားချိန်တွင် အသက်၂၅နှစ် ပြည့်ပြီးသူ - ကျေနပ်လောက်သော ပညာရေးမှတ်တမ်းကောင်းရှိသူ - လျှောက်ထားနိုင်သော နိုင်ငံများအတွင်းမှ လျှောက်ထားသူများသာ (မြန်မာနိုင်ငံသားများ လျှောက်ထားနိုင်သည်။) - ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ အမေရိကန်ဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများ၊ ၀န်ထမ်းတို့၏အိမ်ထောင်ဖက်များ၊ အထက်ပါ စီးပွားရေးအုပ်စုများနှင့် တစ်ခုခု ပက်သက်ခြင်း မရှိသူ - ယခင်က MMMF မှ ထောက်ပံ့ကြေးမရရှိဖူးသူ - သက်ဆိုင်သော ကျောင်းသားဗီဇာဖြင့် အချိန်ပြည့်ကျောင်းသားအဖြစ် ကျောင်းအပ်နှံပြီးသူ - အမေရိကန်နိုင်ငံသားကတ်၊ သို့မဟုတ် အမြဲနေထိုင်ခွင့်ကတ်(အစိမ်းကတ်) ရရှိထားသူ သို့မဟုတ် ကနေဒါနိုင်ငံသားကတ် သို့မဟုတ် ကနေဒါနိုင်ငံတွင် တရာဝင်နေထိုင်ခွင့်ဖြင့် နေထိုင်နေသူများ မဖြစ်ရ။ ပညာသင်ဆုရည်ရွယ်ချက် ဖွံဖြိုးဆဲနှင့် ၀င်ငွေအလယ် အလတ်ရနိုင်ငံများမှ အမျိုးသမီး များအား ပညာရေးထပ်မံသင်ယူနိုင်စေရန်၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘ၀မြင့်မားရန်အတွက် ခေါင်းဆောင်မှုစွမ်းရည်များ၊ အသက်မွေး ၀မ်းကျောင်းစွမ်းရည်များ ပိုမိုတိုးတက်လာစေရန်။ ပညာရေးအရေအတွက် - မသိရသေး။ ပညာသင်ဆုပမာဏ ပညာသင်ဆုတစ်နှစ်တာလုံးအတွက် အထွေထွေကုန်ကျစရိတ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ထောက်ပံ့မည်ဖြစ်သည်။ ထို့ကြောင့် လျှောက်ထားသူများသည် အခြားသော ငွေကြေးထောက်ပံ့ကြေးများကို ထပ်မံလျှောက်ထားရယူရမည် ဖြစ်သည်။ အကြောင်းကြားရမည့်အချိန် - လျှောက်လွှာပိတ်ရက် အပြီး ၂လ မှ ၃လ အကြာ နောက်ဆုံးဆန်ကာတင်စာရင်းတွင်ပါဝင်သူများကို သာ တယ်လီဖုန်းအင်တာဗျုး ဆက်သွယ်မေးမြန်းသွားမည်ဖြစ်သည်။ မအောင်မြင်သော လျှောက်ထားသူများ ကိုအကြောင်းကြားသွားမည်မဟုတ်ပါ။ လျှောက်ထားရန် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားရမည်ဖြစ်သည်။ လျှောက်ထားရန်အတွက် အီးမေးလ်လိပ်စာဖြင့် စာရင်းသွင်းပြီးမှ လျှောက်ထားရမည်ဖြစ်သည်။ အွန်လိုင်းမှ မလျှောက်ထားမီ အောက်ဖော်ပြပါ စာရွက်စာတမ်း များကို pdF, jpeg, png စသည့် format များဖြင့် အရင် ပြင်ဆင်ထားရမည်ဖြစ်သည်။ - ပတ်စ်ပို့ ရှေ့ဆုံးစာမျက်နှာ (ကြည်လင်သော ဓာတ်ပုံနှင့်အတူ) - လက်ရှိပတ်စ်ပို့မှ ဗီဇာ စာမျက်နှာ - နိုင်ငံသားကတ်နှစ်မျိုး ကိုင်ဆောင်ထားသူများအတွက် ဒုတိယ ပတ်စ်ပို့ စာမျက်နှာ - သင်လျှောက်ထားသော တက္ကသိုလ်တွင် စာရင်းသွင်းလျှောက်ထားမှုသက်သေ - တက္ကသိုလ်ဘွဲ့အထောက်အထား မှတ်တမ်းနိုတြီများ၊ အစီရင်ခံစာများစသည့် စာရွက်စာတမ်းများ ပါဝင်ရမည်။ အသေးစိတ်အချက်အလက်များကို http;//www,mmmf-grants.org/home/uscanada-proram တွင် ကြည့်ရှုပါ။ သို့မဟုတ်လျှောက်လွှာကို http;//www.mmmf –grants.org/resources/US-Can-Recommendation-form.docx တွင် ရယူနိုင်ပါသည်။

Contact: http;//www,mmmf-grants.org/home/uscanada-proram