Myanmar Metropolitan College (MMC) မှ SQA HND Business တန်းခွဲသစ်များအတွက် ပညာသင်ဆုနှင့် Financial Aid အစီအစဉ်များ ပေးအပ်မည်
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော မြန်မာကျောင်းသားလူငယ်များသည် MMC တွင် နိုင်ငံတကာအသိမှတ်ပြု ပညာရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Scottish Qualifications Authority (SQA), UK မှတိုက်ရိုက်ချီးမြှင့်သော စီးပွားရေးအထူးပြု HND(Higher National Diploma ) ဘာသာရပ်များကို တက်ရောက်သင်ယူ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ HND အောင်မြင်ပြီးသူများသည် Top-Up Degree ကို MMC တွင် တစ်နှစ်ခွဲမှ နှစ်နှစ်အတွင်း သင်ယူနိုင်မည်ဖြစ်ပြီး ပြည်ပတွင် ဆက်လက်သင်ယူလိုပါကလည်း ဗြိတိန်၊ ၾသစေၾတးလ်၊ ၾသစေၾတးလ် စသည့်နိုင်ငံများရှိ SQA နှင့် ချိတ်ဆက်ထားသော တက္ကသိုလ် ၇၀ ကျော်တွင် အဆင့်မြင့်ဝင်ခွင့်ဖြင့် ဆက်လက် သင်ယူနိုင်ကြမည်ဖြစ်သည်။ တန်းခွဲသစ်တိုင်တွင် ပညာရည်ထူးချွန် ထက်မြက်သော မြန်မာကျောင်းသားများအား ပညာသင်ဆု များ ပေးအပ်နေကြောင်း သိရသည်။ ထို့အပြင်ပညာကို အမှန်တကယ်တန်ဖိုးထားသင်ယူ လိုသော်လည်း ငွေကြေး ပြည့်စုံမှု အားနည်းသောသူများ၊ အကြောင်းကြောင်းကြောင့် သင်တန်းကြေးကို အလုံးအရင်းပေးသွင်ရန် မတက်နိုင်သူများအတွက် သင်တန်းကြေးကို အရစ်ကျပေးသွင်းနိုင်သည့် Financial Aid အစီအစဉ်များကိုလည်း ပေးအပ်လျက်ရှိသည်။ ပညာသင်ဆုနှင့် Financial Aid အစီအစဉ်များအတွက် လျှောက်လွှာများကို MMC City Campus အမှတ်(၄၇/၄၈)၊ ဗဟိုစည်အိမ်ရာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင်ထုတ်ယူနိုင်ပြီး ဖုန်း၊ ၀၉-၂၆၃၃၃၄၂၂၃ /၄/၅/၆၊ ၀၉-၄၅၀၀၆၃၁၀၈/၉ သို့လည်း မေးမြန်းနိုင်ကြောင်း သိရသည်။
Contact: ၀၉-၂၆၃၃၃၄၂၂၃ /၄/၅/၆၊ ၀၉-၄၅၀၀၆၃၁၀၈/၉