ရုံးချိန်လွတ် CCNA သင်တန်း
နည်းပညာနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင် ပညာရှင်များ များစွာပေါ်ထွက်လာစေရေးအတွက် lMCS မှ CCNA တန်းခွဲသစ်အား ဖွင့်လှစ်သွား မည်ဖြစ် ကြောင်းသိရသည်။ CCNA New version အားသင်ရိုးနှင့် သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အချိန်ကာလအနေဖြင့်သင်တန်းကာလ ၄လတက်ရောက်ရမည်ဖြစ်သည်။ CCNA Routing & Switching အားသင်တန်းပြီးဆုံးချိန်တွင် Professional Level အထိကျွမ်းကျင်တက်မြောက်စေရန် သင်ကြားပေးမည် ဖြစ် သည်။ တန်းခွဲသစ်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၀ ရက် (စနေ၊ တနင်္ဂနွေ ညနေ ၆ နာရီမှ ည ၈ နာရီအထိ) တွင် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်တန်းသားဦးရေကန့်သတ်ထားကြောင်းသိရသည်။ သင်တန်းပြီးဆုံး၍ CCNA Exam ဖြေဆိုအောင်မြင်ပြီးပါက ကျွမ်းကျင် လုပ်သားများစွာ လိုအပ်လျှက်ရှိ သော ပြည်တွင်းမှ Mobile Operator တို့တွင် အလုပ်အကိုင်လျှောက်ထားရာ၌ အထောက်အကူဖြစ်စေ နိုင်ကြောင်းသိရသည်။ CCNA သင်တန်းပြီးဆုံးပါက အထူးအခွင့်အရေးအနေဖြင့် CCNA (Route, Switch, Tshoot) ဘာသာရပ် ၃ ခု တွင် Tshoot ဘာသာရပ်အား သင်တန်းကြေးကင်းလွတ်ခွင့် ထပ်မံရရှိမည်ဖြစ်သည်။ ဘာသာ ရပ်အားလုံးအား နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များရရှိထားသော ကျွမ်းကျင်ဆရာများမှ ဦးစီးသင်ကြား ပေးမည်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းစုံလင်သော Lab ခန်းများဖြင့်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်း ပိတ်ရက်များတွင်လည်း တစ်ပတ်စာသင်ကြားထားသော သင်ခန်းစာများကို လက်တွေ့ပြန်လည်လုပ် ဆောင် နိုင်စေရန်အတွက် Lab အခန်းများကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်းသိရသည်။ ရုံးချိန်လွတ် CCNA Course ကို သင်တန်းသားဦးရေကန့်သတ်ထားရှိ ထားသောကြောင့် တက်ရောက် လိုသူများအနေဖြင့် lMCS ဦးထွန်းလင်းခြံလမ်းထိပ်၊ ရန်ကုန်အင်းစိန်လမ်းမ၊ လှည်းတန်းကားမှတ်တိုင်အရှေ့၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၉၄၅၀၀၁၆၀၄၀၊ ၀၁-၅၁၄၉၄၄ သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။
Contact: ၀၉၄၅၀၀၁၆၀၄၀၊ ၀၁-၅၁၄၉၄၄