Submitted on 2015-10-05

လုပ်ငန်းခွင်ဝင် ကွန်ပျူတာသင်တန်းများ

ပြည်တွင်းပြည်ပတွင် ကွန်ပျုတာနည်းပညာဖြင့် လုပ်ငန်းခွင်ဝင်လိုသူများအတွက်ရည်ရွယ်၍ A+, Network Engineering, CCNA နှင့် Web Design သက်မွေးသင်တန်းများကို အောက်တိုဘာ လအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အခြေခံမှစတင်ကာ အဆင့်မြင့်ပိုင်းအထိသင်ကြားပေးမည့် Networking ကွန်ရက်ချိတ် ဆက်မှု သင်တန်းတွင် Cable, Wireless, Switch, Router, Firewall များဖြင့် ရုံးများ၊ အင်တာနက်ဆိုင်များ Network ချိတ်ဆက်ခြင်းမှ သတင်းအချက်အလက်များအား ထိန်းသိမ်းစီမံခန့်ခွဲမှုပိုင်းဖြစ်သော Server 2003, 2008, (AD, DHCP,DNS, WDS, Mail, FTP, IPV6,..) များတည်ဆောက်ချိတ်ဆက်နိုင်သည်အထိ သင်ထောက် ကူပစ္စည်းများဖြင့် သီအိုရီနှင့်လက်တွေ့ပိုင်းမျှတစွာသင်ကြားပေးမည်ဖြစ်သည်။ A+ Course တွင် Hardware and Software lnstallation အပြင် Trouble Shooting, Virus Cleaming, Registry ပိုင်းကို သင် ကြားပေးမည့်အပြင် CCNA နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရယူလိုသူများအတွက်လည်း သီးသန့် သင် ကြားပေးမည်ဖြစ်သည်။ Web Design Course တွင် Graphic Design, HTML, CSS, Javascript, WWW knowledge ပိုင်းများကို သင်ကြားပေးမည်ဖြစ်ပြီး အင်တာနက်ဝက်ဘ်ဆိုက်တစ်ခုကို ကိုယ်တိုင်ဖန်တီး လိုသူ များအတွက်ဖြစ်သည်။ သင်တန်းတက်ရောက်ခြင်းဖြင့် နည်းပညာ၏ သဘောသဘာဝကို မှန်ကန်စွာ သိနား လည်ကာပြောင်းလဲနေသည့် နည်းပညာကို ကိုယ်တိုင်လေ့လာသိရှိနိုင်မည်ဖြစ်သည်။ သင်တန်းတွင် လုပ်ငန်းခွင်မှဝါရင့်ဆရာများက ကိုယ်တိုင်နိုင်ငံတကာသင်ရိုးများဖြင့် လုပ်ငန်းခွင် အခြေ ပြုပုံစံဖြင့် သီးသန့်တာဝန်ယူသင်ကြားမည်ဖြစ်ပြီး သင်ကြားမှုကို သင်ကြားဆဲသာမက သင်ကြားပြီး နောက် တွင်ပါ အပြန်အလှန်ဆွေးနွေးမေးမြန်းနိုင်မည်ဖြစ်ကာ သင်တန်းတန်းခွဲတစ်ခုလျှင် ငါးဦးအထိသာ လက်ခံသင် ကြားပေးမည်ဖြစ်သည်။ Digital City Computer Professional Trading Center ဖုန်း-၀၉-၄၂၀၁၀၁၃၁၉၊ ၀၉-၇၈၇၀၀၈၉၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။

Contact: ၀၉-၄၂၀၁၀၁၃၁၉၊ ၀၉-၇၈၇၀၀၈၉၀၀