Submitted on 2015-10-05

PHP နည်းပညာအထူးပြု (Professional PHP Web Developer) သင်တန်း တန်းခွဲသစ်

PHP 5 ကိုအသုံးပြု၍ Dynamic Web Application များကို ကိုယ်တိုင်ရေးသားနိုင်စေရန် သင်ကြားပေး သော Professional PHP Web Developer သင်တန်းသစ်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အခြေခံအားဖြင့် HTML 5, Javascript အသုံးပြုခြင်းများကိုလည်း ထည့်သွင်းသင်ကြား ပေးမည် ဖြစ်သည်။ ထို့အပြင် PHP 5 ၏ New Feature ဖြစ်သည့် OOP Concept များ၊ Database အပိုင်းတွင် MySQL ကိုအသုံးပြုပြီး Dynamic Web Page များကို တည်ဆောက်ရေးသားရမည်ဖြစ်သည်။ PHP & MySQL ကို ကျွမ်း ကျင်စွာအသုံးပြုနိုင်မည်ဖြစ်ပြီး Logical Thinking, Problem Solving များကိုပါ လေ့ကျင့်သင်ကြား ပေးသွား မည်ဖြစ်သည်။ Module တစ်ခုပြီးတိုင်း Quiz များဖြေဆိုရခြင်းနှင့် Assignment၊ Project များပြုလုပ်ရမည်ဖြစ်၍ သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက်နိုင်စေရန် အထောက်အကူဖြစ်စေမည့် သင်တန်းဖြစ် ကြောင်းသိရသည်။ PHP (Hypertext Processor) သည်ပေါ့ပါးပြီး သင်ယူရလွယ်ကူသော Language တစ်ခု ဖြစ်သောကြောင့် အများဆုံးအသုံးပြုလျှက်ရှိသော Serverside Program Language တစ်ခုဖြစ်လာသည်။ ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Social Website ဖြစ်သည့် Facebook သည် PHP ဖြင့်တည်ဆောက် ထားသော Social Website တစ်ခုဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင် လစာ ကောင်းသော အိုင်တီပညာရှင်အဖြစ်ရပ်တည်လိုသူများ မဖြစ်မနေတက်မြောက်ထားသင့်သည့် Language တစ်ခုလည်းဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် စာတွေ့သင်ခန်းစာများထက် Web Developer တစ်ဦးအဖြစ် ရေရှည်ရပ်တည် နိုင်စေ မည့်သဘောတရားများ၊ အတွေးအခေါ်နည်းဗျူဟာများကို လက်တွေ့လုပ်ငန်းခွင်ပရောဂျက်များနှင့် ယှဉ်တွဲသင် ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလမှာ ၄ လခန့်ကြာမြင့်မည်ဖြစ်ပြီး လူဦးရေကန့်သက်ထားသဖြင့် ကြိုတင်စာရင်းပေးသွင်း တက်ရောက်ရမည်ဖြစ်သည်။ တက်ရောက်လိုသူများအနေဖြင့် Myanmar WWW lnstitute (M3W) ဖုန်း-၅၂၁၁၂၅၊ ၀၉-၉၇၂၅၁၄၁၀၃၊ ၀၉-၄၂၀၀၈၁၈၅၁ တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

Contact: ၅၂၁၁၂၅၊ ၀၉-၉၇၂၅၁၄၁၀၃၊ ၀၉-၄၂၀၀၈၁၈၅၁