3Ds Max Professional Course သင်တန်း
နိုင်ငံတကာနှင့် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် interior/Exterior Designer များအ ဖြစ်ဝင်ရောက်လုပ်ကိုင် လိုသူများအတွက်သော်လည်းကောင်း၊ ကိုယ်ပိုင် Design ရေးဆွဲခြင်းလုပ်ငန်းကို လုပ် ကိုင်လိုသူများအတွက် 3Ds Max ဖြင့် lnterior/Exterior Design ရေးဆွဲခြင်း Professional Level အဆင့်သင် တန်း ရုံးချိန်လွတ်တန်းခွဲသစ်ကို PHYO Trading Center ၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ တန်းခွဲသစ်ကို စနေ+တနင်္ဂနွေ ညနေ ၃ နာရီမှ ၅ နာရီတန်းခွဲနှင့် တနင်္လာ+အင်္ဂါ ညနေ ၅ နာရီမှ ၇ နာရီ တန်းခွဲဟူ၍ တန်းခွဲ နှစ်ခုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် 3Ds အခြေခံသဘောတရားများနှင့် 2D သဘောတရားများ၊ ကောက်ကြောင်းများ ရေးဆွဲခြင်း၊ 3D Modeling တည်ဆောက်ခြင်း၊ Material Effects များထည့်သွင်းအသုံးပြုခြင်း၊ Lighting Effects များထည့်သွင်းအသုံးပြုခြင်း၊ Perspective Angle များဖြင့် Camera များချိန်ညှိခြင်း၊ Scanline Renderer, Mental Ray Renderer, V-ray renderer Engine များအသုံးပြုပြီး Quality အမျိုးမျိုးဖြင့် ပုံများ ထုတ်ခြင်းများကိုသင်ကြားရမည်ဖြစ်သည်။ သင်တန်းကို Exterior နှင့် lnterior ခွဲခြားထားမရှိဘဲ Course တစ်ခုတွင် lnterior ရော Exterior ပါ ပေါင်းစပ်သင်ကြားရေးဆွဲရမည်ဖြစ်သည်။ Exterior Scene များအတွက် Modeling ပိုင်းတစ်ခုတည်းသာမက Environmental Effects များဖြစ်သော လူ၊ ကား၊ သစ်ပင်၊ မြေကြီး၊ တောင်ကုန်း၊ ရေ၊ ကောင်းကင်၊ တိမ်တိုက်များ၊ သစ်တောများ၊ ရေးဆွဲခြင်းကိုပါ ပေါင်းစပ်သင်ကြားရမည် ဖြစ်ကြောင်းသိရသည်။ lnterior Scene များအတွက်မှု အခန်းတွင်းဖွဲ့စည်းမှုများတွင်လိုအပ်သော ထိုင်ခုံ၊ Sofa၊ Accessories များ၊ ခုတင်၊ ခေါင်းအုံး၊ ခန်းစီး၊ လိုက်ကာများ၊ စားပွဲများ၊ Light Models များပါမကျန် Detail ရေးဆွဲခြင်းကို သင်ကြားရမည်ဖြစ်သည်။ ၎င်းသင်တန်းတွင် V-ray Effects အထူးပြုသင်ကြားရမည်ဖြစ်ပြီး Quality ကောင်းမွန်သော နိုင်ငံတ ကာအဆင့်မီပုံများကို အချိန်တိုအတွင်း Render ပြုလုပ်နိုင်မည့်နည်းစနစ်များကိုပါ တစ်ပါတည်း သင်ကြား ရမည်ဖြစ်ကြောင်းသိရသည်။ ထို့အပြင်နိုင်ငံတကာတွင်ရေပန်းစားနေသော lnterior/Exterior Animation ပြုလုပ်ခြင်းများကိုလည်း သင်ကြားရမည်ဖြစ်ပြီး မိမိရေးဆွဲထားသော Project များကို 3D Animation Video များဖြင့် ထုတ်လုပ်ပြ သခြင်းများကိုလည်းတတ်မြောက်မည်ဖြစ်ကြောင်းသိရသည်။ တက်ရောက်မည့်သူများကို စာတွေ့လက်တွေ့ ရေးဆွဲခြင်သာမက လုပ်ငန်းခွင်အတွင်း တွေ့ကြုံရမည့် ပြ ဿနာ အဖြေရှာခြင်းများ၊ စဉ်စားတွေးခေါ်ခြင်းဆိုင်ရာ Concepts များကိုလည်း သင်ကြားပေး သွားမည်ဖြစ် သည်။ တန်းခွဲတစ်ခုလျှင် ဦးရေ ၆ ဦးအထိသာ လက်ခံသင်ကြားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလအနေဖြင့် ၂ လ ခွဲခန့်ကြာမြင့်နိုင်မည်ဖြစ်ပြီး မိမိအမှန်တကယ်တတ်မြောက်ပြီးစီးပြီး Project လုပ်နိုင်ပြီဆိုမှသာလျှင် သင်တန်းဆင်းလက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များအတွက် PHYO Training Center (ရန်ကုန်)၊ အမှတ်(၁၆)၊ ပထမထပ်၊ အောင်တော်မူလမ်း(ဂမုန်းပွင့်ကုန်တိုက်ဘေး)၊ မြေနီကုန်း၊ုစမ်းချောင်းမြို့နယ်၊ ဖုန်း-၀၉၂၅၀၂ရ၃၆၄၃၊ ၀၉၇၃၂၅၁၀၅၅၊ ၀၉၃၁၈၆၁၁၈၈၊ ၀၉၅၅၀၁၄၅၈ သို့ ဆက်သွယ်စုံစမ်းတက်ရောက်နိုင်မည်ဖြစ်ပြီး enquiry@phyo.org,phyo.tc@gmail.com များသို့ E-mail ဖြင့်လည်း စုံစမ်းမေးမြန်းနိုင်သည်။ အခြားသော သင်တန်းအချက်အလက်များအတွက် www.phyo.org, www.facebook.com/phyotrainingcenter တို့တွင် ၀င်ရောက်ကြည့်ရှုစုံစမ်းနိုင်သည်။
Contact: ၀၉၂၅၀၂ရ၃၆၄၃၊ ၀၉၇၃၂၅၁၀၅၅၊ ၀၉၃၁၈၆၁၁၈၈၊ ၀၉၅၅၀၁၄၅၈