Submitted on 2015-11-03

အမျိုးသားစီမံခန့်ခွဲမှုကောလိပ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဒီပလိုမာသင်တန်း

အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်တွင် နဝမအကြိမ်မြောက်အဖြစ် ခရီးသွားလုပ်ငန်းပညာနှင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဒီပလိုမာသင်တန်း Diploma in Tourism Studeis and Management (DTSM) ကို ဒီဇင်ဘာလတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းသို့တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများ တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ ၉ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းချိန်မှာ တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၇ နာရီမှ ၉ နာရီအထိ တက် ရောက်ရမည်ဖြစ်သည်။ လျှောက်လွှာများကို နိုဝင်ဘာလ ၅ ရက်အထိလက်ခံပေးမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအထိ Tourism ဆိုင်ရာ ဗဟုသုတနှင့် အင်္ဂလိပ်စာဘာသာရပ်များကို ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲအတွက်ဖြေဆိုရမည်ဖြစ်သည်။ လျှောက်လွှာများကို အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ ကျောင်းသားရေးရာဌာန အမှတ် (၂၇၃/ ၂၇၉)၊ ကုန်သည်လမ်း၊ (၅၄လမ်းနှင့်၅၅လမ်းကြား)ဗိုလ်တထောင်မြို့နယ်တွင် ထုတ်ယူလျှောက်ထားနိုင် မည်ဖြစ်သည်။ လျှောက်လွှာနှင့်အတူ လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ ဘွဲ့လက်မှတ်မိတ္တူနှင့်မူရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားမိတ္တူနှင့်မူရင်း၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ရပ်ကွက်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထောက်ခံချက်မူရင်းနှင့် နိုင်ငံဝန်ထမ်းဖြစ်ပါက ညွှန်ကြားရေးမူးချုပ်(သို့) ဦးဆောင်ညွှန် ကြားရေးမူး၏ ခွင့်ပြုသည့် စာများကို ပူးတွဲလျှေက်ထားရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း-၂၉၂၅၆၆၊ ၂၉၉၀၈၈ လိုင်းခွဲ-၂၀၈၊၂၁၅ သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။

Contact: ၂၉၂၅၆၆၊ ၂၉၉၀၈၈ လိုင်းခွဲ-၂၀၈၊၂၁၅