Submitted on 2015-11-18

Hardware & Network အခြေခံသင်တန်း

System Essentials (Hardware & Network အခြေခံ) တန်းခွဲသစ်ကို Myanmar World Wide Web Indtitute (M3Wl) သင်တန်းကျောင်းမှ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် ကွန်ပျူတာတစ်ခုအတွင်း ပါဝင်သောစက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံနှင့် ၄င်းတို့အား ပြုပြင်ထိမ်းသိမ်းနည်းများ၊ Windows XP ၏ ဆောင်ရွက်ချက်တို့အပြင် System Instsllation, Trouble shooting ပြုလုပ်နည်းနှင့် Repair ပြုလုပ်ခြင်း၊ Virus Cleaning နှင့် Data Recovery ပြုလုပ်ခြင်းတို့ကို သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် LAN ချိတ်ဆက်နည်း၊ Data နှင့် Device များကို LAN အတွင်း Sharing ပြုလုပ်ခြင်း၊ Network Security စီမံခန့်ခွဲခြင်း စသည့် Network ဆိုင်ရာ ဘာသာရပ်များ ကို သင်ကြားရမည့်အပြင် Wide Area Network (WAN/Internet)၏အဆင့်ဆင့်အလုပ်လုပ်ပုံ TCP / IP အခြေခံကိုလည်း သင်ကြားရမည်ဖြစ်သည်။ မိမိ Network အား အခြားပြင်ပအတိုက်အခံများမှကာကွယ်ပုံ၊ Virus နှင့် အခြားသော အနှောက်အယှက်များမှ ခုခံပုံအဆင့်ဆင့်ကိုလည်း စနစ်တကျသင်ကြားရမည်ဖြစ်သည်။ ထို့အပြင် Internet Services, Mail Services များ အစရှိသောနိုင်ငံတကာနှင့် ချိပ်ဆက်အသုံးပြုသော Network Services များ၏ အလုပ်လုပ်ပုံများအကြောင်း Moderm, Switch, Router များအစရှိသော Networking Drvices များနှင့် PC များ၏ဆက်သွယ် အလုပ်လုပ်ပုံများအကြောင်းကိုလည်း အသေးစိတ်လေ့ လာသင်ယူရမည်ဖြစ်သည်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း Assignment များကို ကိုယ်တိုင်ရေး သားစေခြင်း၊ Exam များဖြေဆိုစေခြင်းဖြင့် သင်တန်းသားများအား စာတွေ့ရော လက်တွေ့ပါ ပိုမိုကျွမ်းကျင်တက်မြောက်စေမည်ဖြစ်သည်။ သင်တန်းကာလမှာ ၁ လခွဲခန့်သာကြာမြင့်မည်ဖြစ်သည်။ သင်တန်းသားဦးရေကန့်သတ်ထားရာ တက်ရောက်လိုသူများအနေဖြင့် အဆောင်(၅)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့။ဖုန်း - ၆၅၂၂၈၈၊ ၅၂၁၁၂၅ သို့ကြိုတင်စာရင်းပေး သွင်း တက်ရောက်နိုင်မည်ဖြစ်သည်။

Contact: ၆၅၂၂၈၈၊ ၅၂၁၁၂၅