ဈေးကွက်စီမံခန့်ခွဲခြင်းပညာနှင့် အရောင်းပိုင်းစီမံခန့်ခွဲခြင်း ဒီပလိုမာသင်တန်းများ
Single Subject Diploma in Marketing Management နှင့် Sales & Sales Management သင် တန်းများကို ဒီဇင်ဘာလ ၆ ရက် နှင့် ၇ ရက်များတွင် တန်းခွဲသစ်များ ထပ်မံဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ ၅ လခွဲကြာမြင့်မည်ဖြစ်ပြီး Marketing Management ဘာသာရပ်တွင် အဓိကလုပ် ငန်းစဉ်များဖြစ်သော Product, Price, Promotion စသည်တို့ကိုအသေးစိတ်သင်ကြားပေးမည်ဖြစ် ကာ ဈေးကွက်စီမံခန့်ခွဲခြင်းအတွက် လိုအပ်သော မဟာဗျူဟာများ၊ ဝယ်ယူသူများနှင့် ယင်းတို့၏ အမှုအကျင့် နှင့် လိုအပ်ချက်ပေါ်မှုတည်၍ရောင်းချခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများအတွက် ဈေကွက်ပညာ၊ လုပ်ဆောင်ချက် များကို သင်ကြားပေးကာ Marketing Plan တစ်ခုရေးဆွဲနိုင်သည်အထိ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းပြီးဆုံးသည့်အခါ Institute of Commercial Management (ICM, UK) မှစစ်ဆေးမည့် စာမေးပွဲကို ဖြေဆိုနိုင်မည်ဖြစ်ပြီး စာမေးပွဲအောင်မြင်ပါက နိုင်ငံတကာအသိအမှတ်ပြု Single Subject Diploma in Marketing, Single Subject Diploma in Sales & Sales Management ကိုရရှိမည်ဖြစ်သည်။ Dipoma လက်မှတ်တစ်ခုရရှိရန်သာမဟုတ်ဘဲ သင်ခန်းစာများကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ကာ မိမိ၏ လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးပြုနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။ တက်ရောက်လိုသူများအနေဖြင့် အမှတ် ၈၊ ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့် ပန်းခြံတာဝါ၊ ပထမထပ်၊ ဖုန်း-၀၉-၂၅၀၇၁၇၁၆၆၊ ၆၈ နှင့် Email – info@mystrategyfirst.com သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
Contact: ၀၉-၂၅၀၇၁၇၁၆၆၊ ၆၈