Submitted on 2015-12-05

AutoCAD Professional သင်တန်း

ဆောက်လုပ်ရေးနှင့် AutoCAD Drawing ကို စိတ်ဝင်စားသူများအတွက် AutoCAD Professional သင်တန်းကို Myanmar WWW lnstitute တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လိုသူများ၊ အင်ဂျင်နီယာနည်းပညာများ ကို စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသော အင်ဂျင်နီယာ များ၊ အင်ဂျင်နီယာ မဟုတ်သော်လည်း AutoCAD ကို လေ့လာသင်ယူလိုသူများအတွက် ထိရောက် သော သင်ရိုးများဖြင့်သင်ကြားပေးမည့် သင်တန်းဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ AutoCAD ကျွမ်းကျင်သူကိုယ်တိုင် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတွင် Fence layout plan, Archie building plan, elevation, section, Door and window, stairs design detail, Dimension and plot style, printing, Septic tank, ground tank, pump house plan and section, 3D modeling for building, isometric drawing စသည့် အကြောင်းအရာများကို လေ့လာသင်ယူရမည်ဖြစ်သည်။ Draft Man မှနေ၍ မိမိအားသန်ရာ လမ်းကြောင်းကိုရွေးချယ်နိုင်စေရန် ဘာသာစုံအနေဖြင့် အ ခြေခံများအားလုံး ပါဝင်သင်ကြားပေးသွားမည် ဖြစ်သည်။ သင်တန်းကာလမှာ ၃ လခွဲခန့် ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် Myanmar WWW lnstitute (M3Wi)၊ အဆောင်(၅)၊ အခန်း(၄)၊ MlCT park, လှိုင်တက္ကသိုလ်များနယ်မြေ၊ ရန်ကုန်၊ ဖုန်း-၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉-၉၇၂၅၁၄၁၀၃ တို့သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။

Contact: -၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉-၉၇၂၅၁၄၁၀၃