အခြေခံတရုတ်စကားပြော ပညာဒါနသင်တန်း
ကွမ်းရင်းစန်းတာ့ပိန် တရုတ်ဗုဒ္ဓဘာသာပရိယတ္တိစာသင်တိုက်မှ အခြေခံတရုတ်စကားပြော (4 Skills) ပညာဒါနသင်တန်းအမှတ်စဉ် (၄၀) ကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းလျှောက် လွှာများကို နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၁ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ သင်တန်းမှာ အပတ်စဉ် စနေ-တနင်္ဂနွေ ညနေ ၃ နာရီခွဲမှ ၄ နာရီခွဲ ရုံးချိန်လွတ်သင်တန်း ဖြစ် ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကို လူဦးရေကန့်သတ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လို သူများအနေဖြင့်လိုင်စင် ဓာတ်ပုံ ၂ ပုံယူဆောင် လာရမည်ဖြစ်ကြောင်း သိရ သည်။ သင်တန်းကို စိတ်ပါဝင်စား၍ စာရင်းပေးသွင်တက် ရောက်လိုသူများနှင့် သင်တန်းနှင့် ပတ် သက်၍ အသေးစိတ်ထပ်မံ သိရှိလိုသူများ အနေဖြင့် ဖုန်း-၀၉-၄၅၀၀၀၆၃၃၃ တွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။
Contact: ၀၉-၄၅၀၀၀၆၃၃၃