စတော့ဈေးကွက်အခြေခံသင်တန်း
စတော့ဈေးကွက်အခြေခံသင်တန်းဖွင့်လှစ်မည် ငွေရေးကြေးရေးကဏ္ဍ နှင့်ပတ်သတ်သည့် အတွေ့အကြုံ ဗဟုသုတများ၊ ပြည်သူလူထု အကြားပြန့်ပွား စေရန်အတွက် ရည်ရွယ်၍ စတော့ဈေးကွက်အခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ စတော့ဈေးကွက်အတွက် အဓိကထား သင်ကြားမည်ဖြစ်သော်လည်း ငွေချေးစာချုပ်ဈေးကွက်(Bond Market)၊ ငွေကြေးဈေးကွက် (Money Market)၊ နိုင်ငံခြားငွေကြေးဈေးကွက်( Foreign Exchange Market)၊ ကြိုတင်ဈေးကွက်(Forward Market) စသည့်ငွေရေးကြေးရေးဈေးကွက်(Finaical Market) တွင်ပါသင်သည့် အဓိကဈေးကွက်များကို အလျဉ်းသင့်သလို ချိတ်ဆက်၍ ကျယ်ပြန့်သည့် ဗဟုသုတများ ရရှိစေရန် သင်ကြား ပေးမည်ဖြစ်ကြောင်းသိရသည်။ သင်ကြားပေးမည့်ဆရာမှာ ဦးစိုးသိန်း B.com (A.A),R.A,R.L,D.E.P,P.G.D၊ ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာာ၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးဘဏ်မှဖြစ်ပြီး သင်တန်းချိန်အနေဖြင့် စုစုပေါင်း သင်တန်းချိန် ၁၆ နာရီ သင်ကြားရမည်ဖြစ်ကာ သင်တန်းကြေးအနေဖြင့် ၈၀,၀၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ သင်တန်းသားအရေအ တွက် ကန့်သတ်ထားပြီး အသေးစိတ်သိရှိလိုပါက Myanmar International Business Academy ဖုန်း-၀၉-၄၂၀၁၀၀၇၁၂၊၀၉-၂၅၂၂၂၈၈၈၉ သို့ဆက်သွယ်မေးမြန်းနိုင်သည်။
Contact: ၀၉-၄၂၀၁၀၀၇၁၂၊၀၉-၂၅၂၂၂၈၈၈၉