Submitted on 2015-08-18

မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ် (RSE လက်မှတ်) ရယူလိုသူများအ တွက် အရည်အချင်းစစ်စာမေးပွဲကျင်းပမည်

မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာလက်မှတ် (RSE လက်မှတ်) ထုတ်ပေးရန်လိုအပ်သော အရည်အချင်းစစ်စာမေးပွဲကို မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအရည်အချင်းစစ်စာမေးပွဲကို အပိုင်း-၁(EAWE Part 1)စာမေးပွဲကို ဒုတိယအကြိမ်အ ဖြစ် စက်တင်ဘာလ(6)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းစာမေးပွဲသည် ၁/၂၀၁၄ အမိန့်ကြော်ငြာစာအရ R.S.E အထူးအခွင့်အရေးဖြေဆိုခြင်းအတွက် နောက်ဆုံးအကြိမ်ကျင်းပပေးမည့် စာမေးပွဲဖြစ်ကြောင်းသိရသည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ဩဂုတ်လ ၁၂ ရက်မတိုင်မီ မြန်မာနိုင်ငံအင်ဂျင်နီယာကောင် စီရုံးသို့ စာမေးပွဲဖြေဆိုခွင့်အား စာရင်းပေးသွင်း လျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ်ထပ်မံ သိရှိလိုသူများအနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအမှတ် ၂၂၈/ ၂၃၄၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ သို့ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Contact: ၂၅၁၂၁၃၊ ၂၅၀၉၈၇