ရုံးချိန်လွတ် Advanced Audio Engineering သင်တန်းသစ် ထပ်မံဖွင့်လှစ်မည်
SAMM ကွန်ပျူတာဂီတသင်တန်းကျောင်းမှ Pro Tools 10 HD, Wavelab 7 ဆော့ဖ်ဝဲများကို အခြေခံပြီး အသံဖမ်းယူခြင်း၊ အသံတည်းဖြတ်ခြင်း၊ Mixing, Mastering ပြုလုပ်ခြင်းများကို အဓိက ထားသင်ကြားပေးမည့် Advanced Audio Engineering တန်းခွဲအသစ်ကို ထပ်မံဖွင့်လှစ်မည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ Advanced Audio Engineering သင်တန်းတွင်ဆော့ဖ်ဝဲများသာမကဘဲ Hardware recording,Instrument recording, Vocal Recording ပိုင်းများကို လက်တွေ့သင်ကြားပေးသွားမည် ဖြစ်သည်။ Hardware အနေဖြင့် 16 Track Yamaha Mixer, 16 Track Main Mixer,M Audio Sound Card, Hardware Compressor, Limitor, EQ, NUX Effect နှင့် အခြား Instrument Device များကိုအသုံးပြု၍ သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကာလမှာ နှစ်လခန့်ကြာမြင့်မည်ဖြစ် ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေ တစ်ပတ်နှစ်ရက် သင်ကြားပေးသွားမည်ဖြစ်သည်။SAMM ကွန်ပျူတာဂီ တသင်တန်းကျောင်းမှ အခြားဖွင့်လှစ်သင်ကြားလျက်ရှိသော ဘာသာရပ်များမှာ Computer Music Production, Audio Engineering စသည့်ဘာသာများဖြစ်ပြီး အသေးစိတ်သိရှိလိုပါက သို့ဆက်သွယ်စုံစမ်းနိုင်သည်။
Contact: ၀၉ - ၂၅၂၅၆၉၉၄၃၊၀၉ - ၂၆၀၈၁၃၅၁၁