Submitted on 2015-09-04

အခြေခံတရုတ်စကားပြော ပညာဒါနသင်တန်းဖွင့်လှစ်မည်

ကွမ်းရင်းစန်းတာ့ပိန် တရုတ်ဗုဒ္ဓဘာသာပရိယတ္တိစာသင်တိုက်မှ အခြေခံတရုတ်စကားပြော (4 Skills) ပညာဒါနသင်တန်းအမှတ်စဉ် ၃၇ ကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက်တွင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်း လျှောက်လွှာများကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁၈ ရက်အထိလက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းမှာ အပတ်စဉ်စနေ-တနင်္ဂနွေ ညနေ ၃ နာရီမှ ၄ နာရီခွဲ ရုံးချိန်လွတ်သင်တန်းဖြစ်ပြီး သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကို လူဦးရေကန့်သတ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် လိုင်စင်ဓာတ်ပုံ ၂ ပုံ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို စိတ်ပါဝင်စား၍ စာရင်းပေးသွင်းတက်ရောက်လိုသူများနှင့် သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုသူများအနေဖြင့် အမှတ်-၁၃၆၊ ရွှေဂုံတိုင်လမ်း (ယုဇနဟိုတယ် ဘေး)၊ ဗဟန်းမြို့နယ်၊ တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Contact: ၀၉၄၅၀၀၀၆၃၃၃