အင်္ဂလိပ်စာဒီပလိုမာသင်တန်းဝင်ခွင့်အတွက် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ စစ်ဆေးမည်
အင်္ဂလန်ရှိ City of Oxford College (အစိုးရကောလိပ်) မှပေးအပ်မည့် Diploma in English Studies ဘာသာရပ်ကို City of Oxford College ၏ မြန်မာနိုင်ငံအတွက် တစ်ဦးတည်းသော အသိအမှတ်ပြုပညာရေးစင်တာဖြစ်သည့် iAcademic Institute တွင် တက်ရောက်နိုင်ရန်အတွက် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအရည်အချင်းစစ်စာမေးပွဲကို စက်တင်ဘာလ ၅ ရက်၊ မွန်းလွဲ ၁ နာရီတွင် iAcademic Institute ၌စစ်ဆေးပေးသွားမည်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်နေဆဲကျောင်းသား၊ ကျောင်း သူများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသူများ၊ ဘွဲ့တစ်ခုခုရရှိထားပြီးသူများ ဝင်ရောက်ဖြေဆိုနိုင် မည်ဖြစ်ပြီး ဖြေဆိုလိုသူများသည် iAcademic Institute တွင် ကြိုတင်စာရင်းပေး သွင်းဖြေဆိုနိုင်မည်ဖြစ်သည်။
Contact: ၀၉-၂၅၄၈၃၁၉၁၁၊ ၀၁-၅၃၉၁၃၀