IELTS တန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားမည်
ပြည်ပတွင် ပညာလက်ဆက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အလုပ်လုပ်ကိုင် သူများ အခက်အခဲမရှိပြောဆိုနိုင်စေရန်ရည်ရွယ်၍ IELTS (International English Language Testin System) course တန်းခွဲသစ်ကို စက်တင်ဘာလ ပထမပတ်တွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း PHYO Computer & Language Training Centre မှ သိရသည်။ သင်တန်းကာလအားဖြင့် Level တစ်ခုချင်းစီအတွက် ၂ လကြာမြင့်မည်ဖြစ်သည်။ IELTS သည် ကမ္ဘာ့အကျော်ကြားဆုံး အင်္ဂလိပ်ဘာသာစကားကို စစ်ဆေးသောစနစ်ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့လူဦးရေနှစ်သန်းကျော်ကျော်ကဖြေဆိုနေသော Course လည်းဖြစ်သည်။ IELTS ကိုအစိုးရစာ သင်ကျောင်းများနှင့် အလုပ်ခန့်ထားရေး၊ ကျောင်းနေရာတွင်အပါအဝင် ကမ္ဘာတစ်ဝန်းမှအဖွဲ့အစည်း ပေါင်း ၈,၀၀၀ ကျော်ကလက်ခံထားသော Course လည်းဖြစ်သည်။ IELTS course ကို အခြေခံမှ စကာဖြေဆိုနိုင်သည်အထိ Foundation Course Plan, Practice Tests, Preparation kit များကို တက်ရောက်ရမည်ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး Mac Publisher ထုတ် Course များကိုအခြေခံကာ ဆယ်စုနှစ်အတိုင်းအတာအတွေ့အကြုံရှိ Ph.D ဘွဲ့ရဆရာကိုယ်တိုင်သင်ကြားပေးမည်ဖြစ်ပြီး လိုအပ် သည့် Audio, Video, Game , Activity စုံလင်စွာဖြင့် သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းချိန်များကို ရုံးချိန်းအတွင်းသာမက လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေသူများအတွက် လည်း ရုံးချိန်ပြင်ပ စီစဉ်ပေးထားကြောင်းသိရသည်။ သင်တန်းချိန်များကို တစ်ပတ်လျှင် နှစ်ရက်၊ တစ်ရက်လျှင် ၂နာရီဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းတစ်ခုလျှင်အများဆုံး ၈ဦးအထိသာ လက်ခံ သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံး၍ အရည်အချင်းပြည့်မီသူများကို Certificate ပေးအပ် သွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့်သူများအတွက် လိုအပ်သည့်အကြံဉာဏ်များနှင့် ဖြေဆိုနိုင်ရန်လမ်း ညွှန်မှုများကို ကူညီလုပ်ဆောင်ပေးသွားမည်ဖြစ်သည်။ ကြိုတင်စာရင်းပေးအပ်နှံရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက PHYO Training Centre (ရန်ကုန်) အမှတ် (၁၆)၊ ပထမထပ်၊ အောင်တော်မူလမ်း ( ဂမုန်းပွင့်ဘေးလမ်း)၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၉-၂၅၀၂၇၃၆၄၃၊ ၊ ၀၉-၇၃၂၅၁၀၅၅၊ ၀၉-၅၅၀၁၄၅၈ များသို့ ဆက်သွယ်စုံစမ်းတက်ရောက်နိုင်မည်ဖြစ်သည်။
Contact: ၀၉-၂၅၀၂၇၃၆၄၃၊ ၀၉-၃၁၈၆၁၁၈၈